Movie Name
Cube (2022)
Year
2022
Generes
Thriller
Code
JP0053
Type
Movie
Size
779 MB
Country
Japan
Description
Cube (2022) Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်​​တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ​​ထောင်​ချောက်​နဲ့ ပ​ဟေဠိ​တွေ၊ ​ဘယ်အချိန် ဘယ်လိုနည်းနဲ့ ​သေမလဲ မှန်းဆမရမှု​တွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ ​သေဆုံးမှု​တွေ​ကြောင့် ဂျပန် survival genreဟာ Respect​ပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်က​တော့ မူရင်း က​နေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်​တွေရဲ့ ၄ကား​မြောက် ပုံစံမျိုးပါ။ ​ယောကျ်ားသား ၅​ယောက်နဲ့ မိန်းမ ၁​ယောက်၊ ဘယ်လိုဘယ်ပုံနဲ့​​ရောက်လာမှန်းမသိ​လိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူ​တွေ၊ ဒီလူ၆​ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူ​တွေမဟုတ်သလို တစ်ကြိမ်တစ်ခါ​တောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်​တွေဆို​ပေမယ့် တစ်ဦးချင်းစီရဲ့နောက်​ကြောင်းဟာ ရိုးရှင်းမှု၊ရိုး​ဖြောင့်မှုမရှိတာ​တော့ တူညီ​နေသူ​​တွေ… သူတို့​ရောက်​နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ​ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အ​ပေါ်​၊ ​အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်​ပေါက်များရှိ​နေသည်၊ မြင်သာ​​​အောင် ​ပြောရရင် လူ၆​ယောက်ဖမ်းခံထားရ​သော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထား​​သော ထူးဆန်းသည့် အ​ဆောက်အအုံကြီးဖြစ်သည်။ လက်ရှိ​ရောက်​နေသည့် အခန်းမှသည် ​ရွေးချယ်စရာ ဂယ်​ပေါက် ၆​ပေါက်အထိ ​ပေးထား၍ ကြိုက်သည့်အ​ပေါက်မှ ကြိုက်သည့်အခန်းသို့ကူးနိုင်သည်၊ သို့​သော် ကိုယ်ကူးသည့်အခန်း မှားရင်​ဖြင့် ပြန်လမ်းမရှိတဲ့ မရဏလမ်းဆီ ​ရောက်နိုင်သည့် ​ထောင်​ချောက်အသီးသီးနဲ့ တိုးပါမည်။ ဘယ်အ​ပေါက်ကကူးလျင် ​ထောင်​ချောက်မရှိတဲ့ အခန်းကိုရောက်မလဲ၊ ထိုမှတဆင့် ဘယ်လို​ရွေးချယ်မှု​တွေနဲ့ပင်မထွက်​ပေါက်ကြီးကို ​ရောက်​အောင်သွားကြမလဲ၊ ဘယ်သူ​​တွေ ရှင်ကျန်ပြီး ဘယ်သူ​တွေသေမလဲ၊ ထောင်​ချောက်ဒီဇိုင်း အမိုက်စား​တွေနဲ့ ဘယ်သူ​တွေ သေပန်းပွင့်မလဲ​ဆိုတာတော့ CMပရိတ်သတ်​တွေ​ ကိုယ်တိုင်ပဲခေါင်းစားကြည့်လိုက်ပါဦး။