-
Movie Name
-
Master (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
EN1016
-
Type
-
Movie
-
Size
-
479 MB
-
Country
-
Hollywood
-
Description
-
Master (2022) ဇာတ်လမ်းအညွှန်း
ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ မူဗွီလေးကတော့ Amazon Prime Video ကနေ ပြသသွားခဲ့တဲ့ Master ဆိုတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
အဖြူ၊ အမည်း လူတန်းစားကို အခြေခံပြီး သမိုင်းဝင် ပုံပြင်တွေနဲ့ နာမည်ကြီးတဲ့ ကျောင်းရဲ့ အဆောင်တစ်ခုအကြောင်းကို ရိုက်ထားတာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ …
အခန်းနံပါတ် ၃၀၂ က သရဲခြောက်တယ်။ အဲ့ဒီအခန်းမှာနေဖို့ဖြစ်လာတဲ့ ကျောင်းသားသစ်တွေကိုလည်း နှစ်စဉ် မကောင်းဆိုးဝါးက ခေါ်ဆောင်သွားတယ်ဆိုပြီး နာမည်ကြီးပါတယ်။
ဒီလိုနဲ့ လူမည်းကျောင်းသူလေးတစ်ယောက် အဆောင်ကို အသစ်ရောက်လာပြီး အဲ့ဒီအခန်းမှာ နေရဖို့ ဖြစ်လာတဲ့အခါ …
Scary Movie film series တွေမှာ အောင်မြင်ခဲ့တဲ့ မင်းသမီး Regina Hall ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Viewer တော်တော်များများရဲ့ ချီးမွမ်းမှုကို ရရှိထားတဲ့ Horror, Mystery အမျိုးအစားဖြစ်တဲ့အတွက် ရုပ်ရှင်ကြည့်ပြီး မေးခွန်းထုတ်ချင်သူ အဖြေရှာချင်သူတွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။