Movie Name
Love Catcher (2018) (S1,S2) (TV Show)
Year
2018
Generes
Documentary
Code
SKR0594
Type
Series
Size
14 GB
Country
Korea
Description
Dating Show Love Catcher S1(1-8), S2(1-8)complete ရှိုးအကျဉ်းကတော့ အမျိုးသား အမျိုးသမီး ၁၀ဦး အိမ်ကြီးတစ်အိမ်မှာ ၈ရက်ကြာ အတူနေထိုင်ရမှာပါ ဒီ ၁၀ဦးထဲမှာ အချစ်စစ်ကိုရှာဖွေဖို့လာတဲ့ Love Catcher တွေလည်း ရှိသလို ငွေအတွက်လာတဲ့ Money Catcher တွေလည်း ရှိနေပါတယ် အကယ်၍ Love Catcher နှစ်ဦး အတွဲဖြစ်သွားရင်တော့ အားလုံးဖြစ်စေချင်တဲ့အတိုင်း လှပတဲ့ ချစ်စရာစုံတွဲလေးကို တွေ့ရမှာပါ Love Catcher နဲ့ Money Catcher အတွဲဖြစ်သွားရင်တော့ Money Catcher က‌ ဆုကြေးငွေ ဝမ် သန်း၅၀ လုံး ရရှိသွားမှာဖြစ်ပါတယ်။ Love Catcher လေးကတော့ အချစ်လည်းပေးရ အလှည့်စားလည်းခံရနဲ့ အသည်းကွဲရမှာပေါ့နော် ဒါပေမဲ့ Money Catcher နှစ်ယောက် အတွဲဖြစ်သွားရင်တော့ ငွေကိုရော အချစ်ကိုရော ဆုံးရှုံးရပြီး လက်ဗလာနဲ့ အိမ်ပြန်ရမှာပါ ဘယ်သူက ဘာ Catcher ဆိုတာ cast တွေရော host နဲ့ panelist တွေပါ လုံးဝမသိကြပါဘူး ဆိုတော့ လူရွေးမှန်ဖို့တော့ လိုမှာပေါ့နော် Host အနေနဲ့ အစီအစဉ်တင်ဆက်သူ Shin Dong Yup က တင်ဆက်ပေးသွားမှာဖြစ်ပြီး ဟာသသရုပ်ဆောင် Jang Do Yeon, လျှို့ဝှက်ဆန်းကြယ်စာရေးဆရာကြီး Jeon Gun Woo, အချစ်ရေးရာဆရာကြီး Hong Suk Chan, အဆိုတော် Lady Jane နဲ့ Nu’est အဖွဲ့ဝင် JR တို့က panelist တွေအဖြစ် ပါဝင်သွားမှာပဲ ဖြစ်ပါတယ် ဒိတ်တင်ရှိုးတွေထဲမှာ အတော်လေးကြည့်လို့ကောင်းတဲ့ရှိုးထဲပါပြီး cast လေးတွေလည်း ချောကြတာမို့ ကြည့်ရှုလိုက်ကြပါဦး။