Movie Name
Cupid's Last Wish (2022)
Year
2022
Generes
Drama, Romance
Code
ST0501
Type
Series
Size
4.75 GB
Country
Thai
Description
1-10 Complete ငယ်စဉ်ကလေးဘဝကတည်းက မတည့်အတူနေ နှစ်ယောက်ထဲက တစ်ယောက်မရှိရင် မနေနိုင်ခဲ့တဲ့ ကွန် နဲ့ ဝင်တို့ရဲ့ BFF Goal လေးဟာ ဘာပကာသနမှ မပါပဲ ၂၂နှစ်တိုင် အတိုင်းမသိသာယာနေခဲ့ပါတော့တယ်…. ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကအစ အရာအားလုံးကို ဖျက်စီးပစ်မယ့် နေ့တစ်နေ့ မရောက်ခင်အထိပေါ့…. အဲ့ဒီနေ့ကတော့ ဝင့်ရဲ့ ဆုံးပါးသွားတဲ့ ဖေဖေ ထားရှိခဲ့သော သေတမ်းစာကို ဖွင့်ဖောက်တဲ့ နေ့တစ်နေ့ပေါ့…. အရာအားလုံးကို မိုးနဲ့မြေ ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်ခဲ့ရတဲ့ တစ်နေ့…. သွေးမတော် သားမစပ်ပဲ ကိုယ်တိုင်ကပင် ဘာမှ မသိလိုက်ရကာ သေတမ်းစာအရ ရို့ရိုဒုန် Farm ရဲ့ အစုရှယ်ယာတစ်စုကို ပိုင်ဆိုင်လိုက်ရတဲ့ ကွန့်ကို အဲ့ဒီနေ့မှာတင် ဝင်တစ်ယောက် အထင်လွဲမှား မုန်းတီးကာ အိမ်ပေါ်ကနေ နှင်ချလိုက်ပါတော့တယ်… အဲ့ဒီ့နောက်မှာတော့ သေတမ်းစာကိစ္စကိုအကြောင်းပြကာ သူငယ်ချင်းဆက်ဆံရေးပါ ပျက်ပြားရုံသာမက… သူတို့ပတ်သက်မှုက နီးသည်ထက် ဝေးလာခဲ့ရပါတော့တယ်… ကွန် နဲ့ ဝင်တို့ရဲ့ ပတ်သက်ဆက်နွယ်မှုဟာ ဒီလောက်နဲ့တင်မပြီးခဲ့… အဲ့ဒီနောက်မှာတော့ မတော်တဆမှုတစ်ခုကြောင့် ဝင်နဲ့ညီမဖြစ်သူ လင်တို့ဟာ ခန္ဓာကိုယ်ချင်း လဲသွားခဲ့ပြီး အရင်မူလ ခန္ဓာကိုယ်ကို ပြန်ရောက်ဖို့ မစ်ရှင်တစ်ခု အတူတူလုပ်ဖို့ အကြောင်းဖန်လာသောအခါ… ဝင့်ရင်ထဲက ကွန့်အပေါ်မှာရှိတဲ့ အမုန်းတရားတွေကရော ပြေပျောက်သွားပါ့မလား?