Movie Name
Bheemla Nayak (2022)
Year
2022
Generes
Action, Drama
Code
IND0324
Type
Movie
Size
1.41 GB
Country
Bollywood
Description
ဒီဇာတ်ကားမှာတော့ နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Pawan Kalyanနဲ့ Rana Daggubatiတို့ပါဝင်သရုပ်ဆောင်ထားပြီး အက်ရှင်ဇာတ်ဝင်ခန်းကောင်းတွေကိုမြင်တွေ့ရမယ့်အက်ရှင်ဒရာမာဇာတ်ကားကောင်းပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဘယ်သူ့ကိုမှမကြောက်ဘဲရိုးသားဖြောင့်မတ်လို့ နာမည်ကြီးတဲ့ SIအရာရှိဘီမလာနာရက်၊ နိုင်ငံရေးနောက်ခံအဆက်အသွယ်ရှိပြီး လွှတ်တော်အမတ်ဟောင်းရဲ့သားဖြစ်သူ ဒန်နီကို ဖမ်းဆီးလိုက်ပါတယ် သူတို့ပြဿာနာရဲ့အစကတော့ ဒန်နီဟာ နယ်စပ်ဂိတ်ကိုမှောင်ခိုအရက်ပုလင်းတွေယူပြီးဖြတ်ရာကမိသွားလို့စခဲ့တာပါ လွှတ်တော်အမတ်ဟောင်းရဲ့သားကိုဖမ်းထားတယ်ဆိုတာ နာရက်ရဲ့အထက်အရာရှိကသိလိုက်ရတော့ ဒန်နီကို ရဲစခန်းမှာကောင်းကောင်းထားပါပေါ့ နာရက်ကလည်း အထက်အရာရှိရဲ့အမိန့်တိုင်း ဒန်နီကို သူ့ရုံးခန်းထဲထိ ခေါ်ထားခဲ့ပါတယ် ဒန်နီဆိုတဲ့လူရမ်းကားကလလည်း ရဲစသခန်နးမှာအရက်သောက်ချင်တယ်တဲ့ ၊ အဲဒါနဲ့ နာရက်ကလည်း ဒန်နီကိုအရက်ဖွင့်တိုက်ခဲ့ရပြီး နာရက် ရဲစခန်းမှာအရက်ပုလင်းဖွင့်နေတဲ့ဗီဒီယိုကို ဒန်နီက ခိုးရိုက်ထားခဲ့ပါတယ် ဒီလိုနဲ့ ဒန်နီလည်း အချုပ်ကအာမခံနဲ့လွှတ်ရော အဲဒီဗီဒီယိုကိုဖြန့်လိုက်တဲ့အခါမှာ ကျားမြီးသွားဆွဲသလိုဖြစ်ပြီး ဘယ်လိုပြဿနာကြီးတွေဖြစ်လာမလဲဆိုတာဒီဇာတ်ကားမှာစောင့်မျှော်အားပေးကြပါဦးနော်