Movie Name
Kep1er Zone (2022)
Year
2022
Generes
Documentary
Code
SKR0616
Type
Series
Size
2.49 GB
Country
Korea
Description
1-10 Complete Kep1er Zone (2022) ======================== 2021 Mnet reality survival competition ဖြစ်တဲ့ Girls Planet 999 ကနေ အနိုင်ရရှိပြီး ဖွဲ့စည်းထားတဲ့ Kep1er Girl Group အဖွဲ့ဝင်တွေကတော့ နောက်ဆုံး ခရီးသွားအစီအစဉ်လေး တင်ဆက်ရိုက်ကူးခဲ့ရပါပြီ။ Kep1er အဖွဲ့က စစချင်းမှာတော့ ခရီးသွားအစီအစဉ်ရိုက်ကူးဖို့သာ ထွက်လာခဲ့တာ။ ဘယ်ကို သွားရမယ်မှန်း ကြိုမသိထားကြပါဘူး။ ဒီလိုနဲ့ stuff တွေကမှတစ်ဆင့် quiz လေးပေးရင်း ဂန်ဝမ်ဒိုက ယွန်းဝေါဆိုတဲ့ နယ်မြို့လေးတစ်ခုကို သွားရတာပါ။ ခရီးစထွက်ကတည်းက quiz လေးတွေ တောက်လျှောက်လုပ်လာတာမို့ အဖွဲ့ဝင်တွေသာမကဘဲ ကြည့်ရှုသူတွေပါ ရင်ခုန်ရမှာပါ။ သွားတဲ့လမ်းမှာလည်း ကဗျာစပ်တာလေးတွေ ဘယ်လိုနေရာတွေ သွားချင်တယ်ဆိုပြီး ပြောကြတာရှိတော့ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အကြိုက်တွေအပြင် အဖွဲ့ဝင်အချင်းချင်း ဘယ်လို ချစ်ခင်ရင်းနှီးကြလဲဆိုတာပါ တွေ့မြင်ရမှာပါနော်။ အဲဒါအပြင် သမိုင်းဝင် နာမည်ကတ်ဆွဲခွာတဲ့ဂိမ်းလေးတွေ မုန့်အမျိုးအစား ခန့်မှန်းတဲ့ဂိမ်းလေးတွေပါ ကစားကြမှာပါ။ စုစုပေါင်း 10 ပိုင်းထွက်ရှိမှာဖြစ်ပြီး တစ်ပိုင်း ၁၆ မိနစ်ဝန်းကျင်ပဲ ကြာမြင့်တော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် ရသစုံရှိုးလေးတစ်ခု ဖြစ်မှာပါနော်။ ဒီတော့ CM နဲ့အတူ ခံစားအားပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။