-
Movie Name
-
Light For The Youth (2019)
-
Year
-
2019
-
Generes
-
Drama
-
Code
-
KR0188
-
Type
-
Movie
-
Size
-
852 MB
-
Country
-
Korea
-
Description
-
Light for the Youth (2019)
IMDB – 7.1/10, 2 Wins
ဆယ်ကျော်သက်အရွယ်မှာတောင် လွတ်လွတ်လပ်လပ် မပျော်ရွှင်ခဲ့ရတဲ့အခါ အသက် ၂၀ ရောက်လာမှာကို ကြောက်ရွံ့နေခဲ့ဖူးလား
ဘဝမှာ အပေါ့သွားဖို့အချိန်မရလောက်အောင်အထိ အလုပ်တွေလုပ်ခဲ့ရဖူးလား
အစမ်းခန့်မဟုတ်တဲ့ တရားဝင်အလုပ်သမားဖြစ်ဖို့အတွက် ၃၂ ကြိမ်မြောက်အထိ အင်တာဗျူးတွေ ဖြေဆိုခဲ့ရဖူးသလား
“အီဂျွန်း” ဟာ ငွေစုငွေချေးလုပ်ငန်းတစ်ခုရဲ့ ဖုန်းလက်ခံဖြေကြားဌာနမှာ အလုပ်လုပ်နေတဲ့
အသက် ၁၉ နှစ်အရွယ် အလုပ်သင်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။
သူ့ရဲ့ အလုပ်သင်ဘဝ အခက်အခဲတွေကို နားလည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူလို့
သူထင်မှတ်ခဲ့တဲ့ ကြီးကြပ်ရေးမှူး “အီဆယ်ယွန်း” ဟာ တကယ်ပဲ သူ့ဒုက္ခတွေကို စာနာနားလည်ပေးနိုင်မယ့်သူ ဟုတ်ပါရဲ့လား ။
လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်ဆိုတာကို လူတိုင်းနီးပါး နားလည်ကြပေမယ့်
တကယ်တမ်းတော့ လူတွေဟာ ကိုယ့်ဒုက္ခကိုသာ ရှေ့တန်းတင်မြင်တတ်ကြပါတယ် ။
ကိုယ်ချင်းစာတရားဟာ လူအများစုမှာရှိတာ မှန်ပေမယ့်လည်း ကိုယ့်အခက်အခဲတွေကို ပြန်တွေးမိတဲ့အခါ
ကိုယ်ချင်းစာတရားထက် ကိုယ့် အတ္တကိုသာ ရှေ့တန်းတင်မိတတ်ကြတဲ့ လူ့လောကကြီးရဲ့ သဘောထားတွေ
မပြည့်စုံတဲ့ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ခံစားချက်တွေအပြင်
“အီဂျွန်း” ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေ ၊ အရွယ်နဲ့မလိုက်အောင် မြင်တွေ့ခံစားခဲ့ရတာတွေက
နောက်ဆုံးမှာ “အီဂျွန်း” ကို ဘယ်လို အကျိုးသက်ရောက်သွားစေမလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ
“အီဂျွန်း” အနေနဲ့ All of us are Dead (2022) မှာ ပါဝင်ခဲ့တဲ့ Yoon Chan Young က ပါဝင်သရုပ်ဆောင်ထားပြီး
“အီဆယ်ယွန်း”အနေနဲ့ မင်းသမီး Kim Ho Jung က ပါဝင်ထားပါတယ်။