Movie Name
Kiseki Sobito Of That Day (2017)
Year
2017
Generes
Drama
Code
JP0057
Type
Movie
Size
986 MB
Country
Japan
Description
Kiseki: Sobito of That Day (2017) အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN – Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။