-
Movie Name
-
Our Flag Means Death (2022)
-
Year
-
2022
-
Generes
-
Action, Adventure, Biography
-
Code
-
SE0212
-
Type
-
Series
-
Size
-
2.61 GB
-
Country
-
Hollywood
-
Description
-
Our Flag means Death (2022) (Completed Limited Series)
1-10 Complete
IMDb – 7.4/10, RT – 90%, Meta – 61% ~
ပင်လယ်ဓားပြကားကောင်းလေးတွေကို လွမ်းနေမိတာတော်တော်ကြာပြီပဲဆိုပါတော့။ ကိုရီးယားပင်လယ်ဓားပြကားကောင်းလေးထွက်ထားပေမဲ့ အနောက်တိုင်းပင်လယ်ဓားပြ vibe လေးကိုလည်း ကြည့်ချင်နေမိတာဗျ။ အဲလိုမျှော်နေတုန်း ထွက်လာတဲ့ ပင်လယ်ဓားပြစီးရီးလေးကတော့ Our Flag means Death ပဲဖြစ်ပါတယ်။
အနောက်တိုင်းပင်လယ်ဓားပြတွေရဲ့ ဝတ်ပုံစားပုံတိုက်ပုံခိုက်ပုံတွေကို ပြန်လည်ရှုစားရမယ့်ပင်လယ်ဓားပြစီးရီးလေးဆိုပေမဲ့ ကပ္ပတိန်စပဲရိုးတို့နဲ့မတူတာက ဒီစီးရီးက ဟာသဘိုင်အိုဂရပ်ဖီစီးရီးလေးဗျ။ အဓိကကတော့ဗျာ ကာရေဘီယံပင်လယ်ပြင်ကြီးက ပင်လယ်ဓားပြတွေရဲ့ ဘဝကိုပြန်လည်မြင်တွေ့ရမှာရယ်၊ အနောက်တိုင်းပင်လယ်ပြင်တိုက်ပွဲတွေကိုပြန်ခံစားရမှာရယ်၊ ဘဝအမောတွေပြေအောင် ရယ်ရမောရမှာတွေရယ်ကြောင့် တော်တော်ကြည့်ရှုသင့်တဲ့စီးရီးလေးပါ။
ဇာတ်လမ်းလေးရဲ့အကျဉ်းလေးကိုပြောရမယ်ဆိုရင် ကြောက်တတ်၊ လန့်တတ်၊ အစိုးရိမ်လွန်တတ်တဲ့ ကပ္ပတိန်ကြီးစတိဘောနက်နဲ့ ကြမ်းချင် ရမ်းချင် မိုက်ချင် ကန်းချင် တပည့်ကျော်လူမိုက်ကြီးတွေနဲ့ ပင်လယ်ဓားပြလောကကို စတင်ဝင်ရောက်လာတဲ့ကားလေးပေါ့ဗျာ။ ဒီတော့ တစ်လွဲတွေချည်းလုပ်နေတဲ့ကပ္ပတိန်ကြီးနဲ့ သူ့အောက်တပည့်ကျော်ကြီးတွေ ဘယ်လိုတစ်လွဲဟာသတွေ လုပ်နေရင်း ပင်လယ်ပြင်မှာ ရေပြင်စစ်ပွဲဆင်နွှဲကြမယ်၊ ဘယ်လိုထူးဆန်းထွေလာတွေကြုံကြမယ်၊ ဘယ်လိုမျိုးတွေ ဆရာတပည့်တွေ တိုင်လည်နေကြမယ်ဆိုတာ ရင်ထိတ်စရာရှိတဲ့အခါ ထိတ်ရလိုက်၊ အူနာအောင်ရယ်တဲ့အခါရယ်ရလိုက်နဲ့ကြည့်ရမယ့် မနေ့ညမှစတင်ထွက်ရှိလာခဲ့တဲ့ ရှယ်ကောင်းတဲ့ ပင်လယ်ဓားပြစီးရီးလေးပါပဲ။
ပင်လယ်ဓားပြဇာတ်လမ်းတိုင်းရဲ့ နာမည်ကျော် အပြင်မှာလည်း တကယ်ရှိခဲ့ဖူးတဲ့ ပင်လယ်ဓားပြတိုင်းရဲ့ အိပ်မက်ဆိုးဖြစ်တဲ့ မုတ်ဆိတ်နက်ကြီးလည်း ဒီစီးရီးထဲပါပါတယ်။ သူ့နေရာမှာတော့ ရုပ်ရှင်ပရိသတ်တိုင်းနဲ့မစိမ်းမယ့် ဇာတ်ကားတွေဖြစ်တဲ့ What We Do in the Shadows, Thor: Ragnarok, Jojo Rabbit တို့ရဲ့ ပဲ့ကိုင်ရှင် Taika Waititi ကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။