-
Movie Name
-
Gunday (2014)
-
Year
-
2014
-
Generes
-
Action, Drama
-
Code
-
00101
-
Type
-
Movie
-
Size
-
1.02 GB
-
Country
-
Bollywood
-
Description
-
အချစ် ဟာ ခိုင်မြဲခြင်းလားဖျက်ဆီးခြင်းလားခိုင်မြဲခြင်း သာဆိုလျှင် ညီအစ်ကို သံယောဇဉ်ထက် ကျော်လွန်နိုင်ပါ့မလားသင့်အဖြေ သင် စိတ်ချမှ သင် ဒီကားကို ကြည့်ရှုဖို့ကောင်းပါတယ်ဇာတ်လမ်းအကျဉ်းဒီကားလေးကအထင်မသေးနိုင်တဲ့ ဇာတ်လမ်းနဲ့ စိတ်ကို ဆွဲဆောင်စေမယ့် ဇာတ်ကားကောင်းမျိုးပါအစဦးပိုင်းမှာတော့အိန္ဒိယ ပါကစ္စတန် စစ်ပွဲ အတွင်း စစ်ဘေးသင့်ခဲ့တဲ့ ကလေးနှစ်ယောက်ဘဝနဲ့ အစပြုခဲ့ပါတယ်သူတို့ကတော့ ဗရမ်းနဲ့ ဗာလာ သူငယ်ချင်း နှစ်ယောက်ပါပါကစ္စတန် ဖြစ်ပေမဲ့ အိန္ဒိယ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံချင်တဲ့ သူတို့နှစ်ဦးကို လက်နက်မှောင်ခိုသမားတစ်ဦးက မွေးစားခဲ့ပါတယ်ဒါပေမဲ့ မွေးစားအဖေရဲ့ ဆရာက သူတို့နှစ်ဦးမှ တစ်ဦးကို ခွဲထုတ်ခဲ့ပါတယ်ဗာလာက ဗရမ်းကို အနစ်နာခံရင်း သူပဲ နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်ဗာလာ ရဲ့ ဘဝကလည်း ဆိုးရွားခဲ့တယ် ယောကျ်ားချင်း မုဒိမ်းမှု ဖြစ်မယ့်တိုင် နှိပ်စက်ခံရခဲ့တယ်ဒီမြင်ကွင်းကို ဗရမ်းတွေ့ရှိပြီးနောက် မွေးစားအဖေရဲ့ ဆရာကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ကံကောင်းစွာနဲ့ မွေးစားအဖေရဲ့အကူအညီနဲ့ပဲ သူတို့နှစ်ဦး ထွက်မြောက်လွတ်မြောက်လာခဲ့ပါတယ်သူတို့ဟာ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်ရင်း ဘဝကို ထိန်းကျောင်းခဲ့တယ်ထို့ပြင် ရထားတွဲပေါ်က ကျောက်မီးသွေးတွေကို ခိုးယူ / ဈေးပေါပေါနဲ့ ပြန်ရောင်းပြီး အမြတ်ထုတ်ခဲ့တယ်ဒီလိုနဲ့ အရွယ်ရောက်သည့်ုအခါမှာတော့ သူတို့ဟာ မြို့မျက်နှာဖုံးအဖြစ် ချမ်းသာကြွယ်ဝလာခဲ့ကြတယ်သူဆင်းရဲတွေကို ထောက်ပံ့ ဆေးရုံ စာသင်ကျောင်းတွေဆောက်ပေးခဲ့တယ်စည်းကမ်းကြီးတဲ့ ကြွယ်ဝတဲ့ အိန္ဒိယ နိုင်ငံသားအဖြစ် ပြည်သူတွေရှုမြင်ခြင်းကလွဲလို့ ဘာမှဂရုမစိုက်ခဲ့ကြဘူးတစ်နေ့မှာတော့သူတို့ဘ၀ ထဲ မိန်းမပျိုတစ်ဦး ဝင်ရောက်လာခဲ့တယ်သူမက နန်ဒတီ ဆိုတဲ့အကမယ်လေးထို့ပြင်နောက်ထပ် ရောက်လာခဲ့သူကအေစီပီ ဆာခါးဆာခါးဟာ ဗရမ်းနဲ့ ဗာလာ ကို ဖမ်းဆီးဖို့ တာဝန်ပေးခံရသူပါအရင် ကျောက်မီးသွေးကိစ္စတွေမှာရော ကျော်ကြား မှုတွေနဲ့ပါ ဖမ်းဆီးနိုင်ဖို့ ထင်ရှားတဲ့သက်သေခံကို ရှာဖွေနေသူလည်း ဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာနန်ဒတီ ဆိုတဲ့ အကမယ်လေးကို မည်သူက လက်ထပ်ရမလဲဗရမ်းလား ဗာလာ လားနန်ဒတီ အကမယ်လေးကို ပိုင်ဆိုင်ချင်စိတ်ကြောင့် ညီအစ်ကိုလို ချစ်ခင်မှုတွေမှုက သံယောဇဉ် ပျက်ယွင်းတော့မှာလားချစ်လျက်နဲ့ အနစ်နာခြင်းကပဲ သံယောဇဉ် ကို ထိန်းကျောင်းမှာလားဒါ့ပြင်ဆာခါး ဆိုတဲ့ အရာရှိကရော ဗရမ်းနဲ့. ဗာလာ ကို သက်သေခံ နဲ့တကွ ဖမ်းဆီးနိုင်မှာလားဗရမ်းနဲ့ ဗာလာရဲ့ ဆက်ဆံရေးတွေကရောနန်ဒတီ ရဲ့ သဘောထားကရောဆာခါးအရာရှိရဲ့ ဖမ်းဆီးမှုကရောလွတ်မြောက်အောင် ကြိုးစားမှုတွေကရောစတဲ့ ဇာတ်လမ်းမြုပ်ကွက်မျိုးနဲ့ သင့်စိတ်ကို ဆွဲဆောင်သွားခဲ့မှာပါGunday လို့ဆိုပေမဲ့ Action သာမက အချစ် အလွမ်း သံယောဇဉ် တို့ပါ ပါဝင်ပေါင်းစပ်မှုတွေကြောင့် အတော်အသင့်ကြည့်ကောင်းတဲ့ ဇာတ်ကားမျိုးပါကဲ ကြည့်ရှုပါဦးလို