Movie Name
The Oath Of Love (ချစ်ခြင်းကိုအနက်ဖွင့်သော်) (2022)
Year
2022
Generes
Drama, Romance
Code
SC0506
Type
Series
Size
6.31 GB
Country
China
Description
1-32 complete ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ The oath of love ပဲဖြစ်ပါတယ် အဓိက Casts တွေအနေနဲ့ကတော့ ဒေါက်တာလေး Gu Wei အဖြစ် နာမည်ကြီးမင်းသား Xiao Zhan Cello တီးတဲ့တက္ကသိုလ်ကျောင်းသူလေး Lin Zhixiao အဖြစ် ချစ်စရာကောင်းတဲ့ နာမည်ကြီးမင်းသမီး Yang Zi တို့က ပါဝင်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် Lin Zhixiao ဆိုတဲ့မကြာခင်မှာ ဘွဲ့ရတော့မယ့် တက္ကသိုလ်ကျောင်းသူလေးဟာ Cello တီးသူတစ်ယောက်လည်း ဖြစ်ပါတယ် ဘွဲ့ရပြီးရင် မျှော်မှန်းထားတဲ့ အလုပ်လေးကလည်းရှိ ခန့်ညားတဲ့ ကောင်လေးကိုလည်း ရည်စားအဖြစ်ပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး အရာရာဟာ ကိုယ်စီစဉ်ထားသလိုမျိုး ဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာပဲ ကံကြမ္မာရဲ့ကျီစားမှုကို ခံရပါတော့တယ် Cello တီးတာကို မထောက်ခံတဲ့ Lin Zhixiaoရဲ့အဖေဟာ ဆေးရုံတင်လိုက်ရတဲ့အပြင် ကံဆိုးမှုတွေကအဖော်ခေါ်လာတတ်တာဖြစ်လို့ သူမျှော်မှန်းထားတဲ့ အလုပ်နဲ့လည်း ဝေးခဲ့ပြီး ကောင်လေးနဲ့လည်း လမ်းခွဲဖြစ်သွားခဲ့ပါတယ် ဒါပေမယ့်လည်း Right person က Right time မှာပေါ်လာတတ်တာမို့ သူမအဖေကို ကုသပေးရတဲ့ ဒေါက်တာလေး Gu Wei နဲ့ဆုံစည်းခွင့်ရခဲ့ပါတယ် သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေ နားလည်မှုတွေက ဘယ်လိုစတင်ပေါက်ဖွားလာမှာလဲ နားလည်မှုဆိုတဲ့အရာက မိဘနဲ့သားသမီးကြားမှာရော စုံတွဲတွေကြားမှာပါ အရေးပါတာဖြစ်ကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပြီး A list မင်းသားမင်းသမီးတွေက အဓိကပါဝင်ထားတာဖြစ် ဇာတ်လမ်းလေးလည်းကောင်းပြီး တော်တော်များများစောင့်မျှော်နေကြတဲ့ ကားလေးဖြစ်တဲ့ The oath of love ဆိုတဲ့ကားလေးကို CM ကနေမကြာခင်မှာတင်ဆက်ပေးတော့မှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုလို့ရပါတယ်နော်