-
Movie Name
-
Too Beautiful To Lie (2004)
-
Year
-
2004
-
Generes
-
Comedy, Romance
-
Code
-
KR0189
-
Type
-
Movie
-
Size
-
852 MB
-
Country
-
Korea
-
Description
-
Too Beautiful To Lie(2004)
မြန်မာ ပရိသတ်တွေကြားမှာ ကျီးကျင့်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသမီး Kang Ha-nuel
“အကောင်းဆုံး သရုပ်ဆောင်ဆု” ရရှိခဲ့တဲ့ ၂၀၀၄ ခုနှစ်က အချစ်ဟာသ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
Joo Yeoung Ju(Kang Ha-nuel)ဟာ လိမ်လည်မှုကြောင့်ထောင်ကျနေရာကနေ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး အစ်မရဲ့ မင်္ဂလာဆောင်မှာ
သူကိုယ်တိုင်လုပ်ထားတဲ့ ဘဲငန်းရုပ်လေးလက်ဖွဲ့ဖို့ ရထားနဲ့ ထွက်လာခဲ့ပါတယ်
တစ်ဖက်မှာလည်း Choi Hee Cheol(Kang Dong Won) ဟာ
သူ့အမေရဲ့ လက်စွပ်နဲ့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့
အဲဒီရထားပေါ်မှာပဲ လိုက်ပါလာခဲ့ပါတယ်
ရထားပေါ်မှာ Choi Hee Cheol ရဲ့လက်စွပ်ကို ခါးပိုက်နှိုက်တစ်ယောက်က
ခိုးသွားတာကို Joo Yeoung Ju ကမြင်လိုက်ရာကနေ ဇာတ်လမ်းစ,ပါတော့တယ်
ခါးပိုက်နှိုက် ရထားပေါ်က ဆင်းသွားတဲ့အချိန်မှာ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ သူ့ကို စွပ်စွဲမှာစိုးပြီး
Joo Yeoung Ju တစ်ယောက် ခါးပိုက်နှိုက်နောက်လိုက်ပြီး လက်စွပ်ကို ပြန်ယူပါတော့တယ်
လက်စွပ်ကိုတော့ ပြန်ရလိုက်ပေမယ့် ရထားကထွက်သွားပြီး
အစ်မကိုပေးမယ့် ဘဲငန်းရုပ်လေးထည့်ထားတဲ့အိတ်ပါ ပါသွားပါတော့တယ်
Joo Yeoung Ju လည်း ကြံရာမရတဲ့အဆုံး
အိတ်ပြန်ရလို့ရငြား Choi Hee Cheol ရဲ့အိမ်ကို လိုက်သွားပါတော့တယ်
Choi Hee Cheol အမေရဲ့ လက်စွပ်ကို ဝတ်ထားတဲ့ Joo Yeoung Ju ကို
Choi Hee Cheol တို့အိမ်သားတွေက ချွေးမလောင်းဆိုပြီး ဝိုင်းကြိုဆိုကြတဲ့ အခါမှာတော့
သရုပ်မှန်ကို ချမပြချင်တဲ့ Joo Yeoung Ju လည်း
ကလေးပါရှိနေသယောင် ချော်လဲရောထိုင်လုပ်ရင်း ပြေးပေါက်ရှာနေခဲ့ပါတယ်
လက်စွပ်ပျောက်သွားလို့ လက်ထပ်ခွင့်တောင်းတာ အဆင်မပြေဖြစ်ခဲ့တဲ့ Choi Hee Cheol တစ်ယောက်
အိမ်ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့ကိုယ်ဝန်ကို လွယ်ထားရပါတယ်ဆိုတဲ့
သတို့သမီးလောင်းက သူ့ကို စောင့်ကြိုနေပါတော့တယ်
Joo Yeoung Ju က အစကတော့ ရည်ရွယ်ချက်မရှိပေမဲ့ သူ့အိတ်ကို မသိပါဘူးဆိုပြီး
Choi Hee Cheol ကဘူးခံငြင်းနေတဲ့အခါမှာတော့ သူ့ရဲ့ လိမ်ဆင်တွေနဲ့ ပညာပြပါတော့တယ်
Choi Hee Cheol တစ်ယောက် Joo Yeoung Ju ရဲ့ အကွက်တွေထဲမှာ လှုပ်မရအောင်ဖြစ်ပုံတွေကို
တသောသောနဲ့ရယ်မောရင်း ကြည့်ရှုကြရမှာပါ
IMDb rating 7 အထိရထားပြီ မင်းသားရော မင်းသမီးပါ
အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်ဆုတွေ ဆွတ်ခူးထားကြတဲ့
အနှစ်ရှိတဲ့ ဟာသဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့်
ကြည့်ရှုအားပေးရင်း စိတ်အပန်းဖြေလိုက်ကြပါဦး