Movie Name
Cheaper By The Doden(2022)
Year
2022
Generes
Comedy, Family
Code
EN1044
Type
Movie
Size
782 MB
Country
Hollywood
Description
Cheaper By the Dozen ဆိုတာ Free Guy , Adam Project, Stranger Things တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shawn Levy ရဲ့ Comedy မင်းသားကြီး Steve Martin နဲ့ရိုက်ထားတဲ့အစောပိုင်းလက်ရာကောင်းတစ်ခုပါ။ မိသားစုနဲ့ကြည့်ရှုလို့ရတဲ့ Family , Comedy ကားလေးဖြစ်ပြီး Rating ကလည်း လူ ၁ သိန်းကျော်ပေးတဲ့ Voting မှာ 6/10 ရရှိထားပါတယ် ။ ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်.. ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့ အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ … သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းလာခဲ့ပါတယ် ကလေး ၈ ယောက်ကနေ အဲ့ဒီမြို့မှာ ၄ ယောက်ထပ်မွေးပြီး ၁ ဒါဇင်ဖြစ်လာခဲ့ပါတယ်။ နှစ်တွေကြာပြီးတဲ့အခါ …တွန်စိတ်ကူးယဉ်ခဲ့တဲ့ ဘောလုံးနည်းပြ အလုပ်ကို အသင်းကြီးတစ်ခုကနေ ပြန်လည်ကမ်းလှမ်းလာပြီး ကိတ်ကိုလည်း စာအုပ်ထုတ်ဝေခွင့်ရလာတဲ့အခါမှာ … မြို့ပြကို ပြန်လည်ရွှေ့ပြောင်းဖို့ အခွင့်တစ်ဖန်ဖြစ်လာတဲ့အခါမှာတော့ တွန်တို့ဇနီးမောင်နှံနဲ့ ကလေး ၁၂ ယောက်ကြားက အလွဲလွဲအချော်ချော် ဟာသဖြစ်ရပ်လေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။