Movie Name
Khun Chai Pawornruj (ခွန်ချိုင်ပါဝန်ရွတ်ရဲ့ အချစ်ပုံပြင်)
Year
2013
Generes
Drama, Romance
Code
ST0514
Type
Series
Size
15.3 GB
Country
Thai
Description
1-13 Complete 2013 တုန်းကထွက်ရှိခဲ့တဲ့ နာမည်ကျော် Suparburoot Jutathep Series ထဲက Pope နဲ့ Mew တို့တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒုတိယတွဲလေးကို FHD ဖြင့် TSF ကနေတင်ဆက်ပေးလိုက်ပါတယ် 💕 ဇာတ်လမ်းအကျဉ်း .... ခွန်ချိုင်ပါ၀န်ရွတ်ကတော့ အနာဂတ်မှာ သံအမတ်ကြီးဖြစ်လာမယ့်သူတစ်ဦးပေါ့ .... ထင်ရှားကျော်ကြားပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ဂျူသာထေ့ပ် တော်ဝင်မျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ပါ .... ဒါပေမဲ့လည်း ခွန်ချိုင်ပါဝန်ရွတ်ရဲ့ အမေက အဆင့်အတန်းနိမ့်တဲ့ အစေခံ ဖြစ်တာမို့ လူအများဆီမှာ "မီးဖိုချောင်က ခွန်ချိုင်" ဆိုပြီးကဲ့ရဲ့ခံရတဲ့အပြင် အဘွားဖြစ်သူဆီက ခွဲခြားဆက်ဆံခံရပြီး မျိုးရိုးမြင့်တဲ့မိသားစုက သမီးတွေနဲ့ စေ့စပ်ခြင်းမခံထားရတဲ့ ညီအစ်ကိုထဲကတစ်ဦး‌တည်းသောသူပဲဖြစ်ပါတယ် .... ကိုယ်ချစ်ရတဲ့ ချစ်သူမိန်းကလေးဆီကနေ အထားခံရပြီး အသည်းကွဲနေပေမယ့် ဆွစ်ဇာလန်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတဲ့အချိန်မှာတော့ ကံစီမံတဲ့အတိုင်း ရတ်ဆာဆိုသူနဲ့အချစ်သစ်ကိုရှာတွေ့ခဲ့ပါတယ် .... ရတ်ဆာဟာ ခွန်ချိုင်ထက် အဆင့်အတန်းအလွန်မြင့်မားသူဖြစ်တာမို့ သူတို့နှစ်ဦးရဲ့ ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းလေးမှာ အတားအဆီးများစွာရှိနေခဲ့ပါတယ် .... အဲ့အတားအဆီးတွေကို သူတို့နှစ်ဦး ကျော်ဖြတ်နိုင်ပါ့မလား ဆိုတာကိုရင်ခုန် စိတ်လှုပ်ရှားစွာဖြင့်ကြည့်ရှုအားပေးကြပါဦး .... ဆွစ်ဇာလန်နိုင်ငံက အထင်ကရမြို့တိုင်းမှာလှည့်ပတ်ရိုက်ကူးထားတာမို့ နိဗ္ဗာန်လို လှပလွန်းတဲ့ရှုခင်းတွေကိုပါ စီးမျှောခံစားရမှာပဲဖြစ်ပါတယ်။ Romance အပြင် ဟာသပါနှောထားတာမို့ စိတ်ပင်ပန်းမှုတွေကိုပါဖြေဖျောက်ပေးနိုင်မှာပါ။