Movie Name
Haider (2014)
Year
2014
Generes
Action, Crime, Drama
Code
00103
Type
Movie
Size
1.20 GB
Country
Bollywood
Description
၂၀၁၄ခုနှစ်ထွက်အိန္ဒိယကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။Ratingအနေနဲ့8.2အထိရရှိထားတယ်ဆိုတော့တော်ရုံဇာတ်ကားတစ်ကားမဟုတ်တာတော့အသေအချာပါပဲ။ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့တဲ့Action/Crimeအမျိုးအစားကားကောင်းလေးပါ။ဒီကားလေးဟာဆိုရင်စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့”Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့၁၉၉၅ခုနှစ်ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။လူငယ်လေးတစ်ယောက်သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲအဲဒီကတ်ရှမီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။ဇာတ်လမ်းလေးမှာအချိုးအကွေ့လေးတွေစိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကိုသိပ်မပြောပြတော့ပါဘူး။ကိုယ်တိုင်အပြည့်အဝခံစားကြည့်တာပိုကောင်းမယ်ထင်ပါတယ်။ဒီလူငယ်လေးအနေနဲ့ဘယ်လိုမြုပ်ကွက်တွေကိုဖော်ထုတ်လိုက်နိုင်မလဲ။သူ့ဖခင်ကိုရောပြန်တွေ့နိုင်မှာလား။ဘယ်လိုပျောက်ဆုံးသွားတာလဲ။နောက်ကွယ်ကဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာတော့ အပြည့်အဝဇာတ်ကားလေးကြည့်ရင်းရင်တမမနဲ့ခံစားကြည့်လိုက်ပါဦး။နိုင်ငံတကာမှာလည်းမှတ်ချက်ကောင်းတွေရထားတဲ့ကားလေးဖြစ်ပါတယ်။ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ကဲRatingမြင့်တာနဲ့အညီဘယ်လိုကြောင့်မြင့်ရသလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုဝေဖန်လိုက်ပါဦးလို့။