-
Movie Name
-
Be Melodramatic (2019)
-
Year
-
2019
-
Generes
-
Comedy, Drama
-
Code
-
SKR0618
-
Type
-
Series
-
Size
-
13.2 GB
-
Country
-
Korea
-
Description
-
1-16 Complete
Be Melodramatic(2019)
==============================
ကိုရီယားဇာတ်လမ်းတွဲတွေထဲ ဒရာမာအပြည့်နဲ့
အတော်သားနားတဲ့ ဇာတ်လမ်းတွဲတွေကို
ကျွန်တော်အပါအ၀င် အတော်များများ သဘောကျကြတယ်မဟုတ်လား။
ဥပမာ- Reply Seriesပေါ့။ အဲ့ဒီ Vibeမျိုးလို့ ဆိုလို့ရတယ်။
Personallyအရတော့ Reply တို့ Hospital Playlist တို့
What Happens to my family တို့နဲ့ မတိမ်းမယိမ်းလောက် သဘောကျတယ်။
သို့ပေမဲ့ ဒီဇာတ်လမ်းတွဲက သူတို့လို
ချစ်စရာ ကောင်းတာတွေနဲ့ပဲ ဖွဲ့စည်းထားတာလည်းမဟုတ်ဘူး။
၈၀%လောက်က အရှိတရားတွေ။
အရှိတရားဆိုတာက …..
နေ့စဉ်ဘ၀က… သမီးရည်းစားဆက်ဆံရေးတွေက..
ကျန်တဲ့ဆက်ဆံရေးတွေက.. အရှိတရားတွေကို
ဆိုလိုတာ။
ကျန်တဲ့20%က ရုပ်ရှင်နာမည်အတိုင်းပေါ့။
ဒါကလည်း တကယ့်အရှိမှာလည်း
ရုပ်ရှင်ဆန်ဆန်နေတတ်ဖို့ လိုတဲ့အခါတွေ ရှိတဲ့အကြောင်းပါပဲ။
Genreက Rom-Com ဆိုတော့
ထက်၀က်နီးပါးကတော့ အရမ်းမဟုတ်ပေမဲ့
တခြား K Rom-Comတွေလို ရယ်ရတယ်။
ပြောရရင် Replyရဲ့ ရယ်ရခြင်းမျိူးပေါ့။
စာရေးဆရာမကလည်း Replyကို Inspiration ယူထားပုံပါပဲ
ခဏခဏကို ထည့်ပြောတယ်။
နောက် လောင်ရတာမျိုးကိုလည်း ပြတယ်။
လောင်ရတာဆိုတာက ကျွန်တော်တို့ဘ၀နဲ့ကင်းကွာတဲ့
အကြီးကြီးတွေနဲ့ လျှောက်လောင်တာ တော့မဟုတ်ဘူး။
ကျွန်တော်တို့ဘ၀တွေလိုပဲ သမီးရည်းစားကိစ္စတွေ
အလုပ်အဆင်မပြေမှုတွေ လောကရဲ့ အနိမ့်အမြင့်တွေနဲ့ပဲ လောင်ကြတာ။
ပါးပါးလေးပါပဲ။
ဒါပေမဲ့ လူတိုင်းတကယ် ကြုံနေရတာတွေနဲ့
တစ်ခုမဟုတ်တစ်ခုတူနေမှာဆိုတော့ ထိတော့ထိတယ်။
ပြီးကာမှ မလောင်အောင် ဘယ်လိုနေရမလဲ ပြန်ပြထားတယ်။
ဒီဇာတ်လမ်းရဲ့ စာရေးဆရာမ ပြောတဲ့ အချက်အတော်များများကတော့
လက်သင့်ခံချင်စရာ ကောင်းပါတယ်။
ပွဲဦးထွက်ရုပ်ရှင်ဆိုတော့ သူ့ဘ၀အကြောင်းတွေပါ စွက်နေပုံပါပဲ။
နောက်ပိုင်းဆို ဒီဇာတ်လမ်းထဲမှာပါ ဒီဇာတ်လမ်းကို ပြန်ရိုက်ပြနေသေးတယ်။
အဓိကဇာတ်ကောင်မင်းသမီး၃ယောက်ရဲ့အလုပ်ကလည်း
K Dramaတွေနဲ့ပက်သက်နေတဲ့ အလုပ်မျိုးပဲ။
တစ်ယောက်က ဒရာမာဇာတ်ညွှန်းရေးဆရာမ။
တစ်ယောက်က ဒိုကူမန်ထရီ ဒါရိုက်တာ။
တစ်ယောက်ကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ
အမြင်ကတ်လောက်အောင် ထထကြော်ငြာနေတဲ့ ကြော်ငြာတွေကို ထည့်ရတဲ့သူပေါ့။
သူ့အဖြစ်ကိုကြည့်ပြီး ကျွန်တော်တော့
အဲ့ဒီကြော်ငြာတွေကို သိပ်တောင် မဆဲချင်တော့ဘူး။
ဇာတ်ကောင်တွေရဲ့ အလုပ်ဟာ ကေဒရာမာ ထုတ်လုပ်ရေး လောကကို
နည်းနည်းတော့ သိသွားစေမယ့် အလုပ်တွေပါပဲ။
နောက်ပြီး သူတို့ရဲ့ Personalityတွေ ကလည်း စိတ်၀င်စားစရာကောင်းတယ်။
Jeon Yeo-Been ဆို သူ့ဖန်တွေအတွက် အံကိုက်ပဲ။
Vincenzoတို့ Night In Paradiseတို့ထဲကလို စတိုင်မျိုးနဲ့ပဲ သရုပ်ဆောင်ထားတယ်။
ရှင်သန်ရတာတွေဟာ လွယ်ကူမနေဘူးပေါ့။
ကျွန်တော့်တော့ ဒီဇာတ်လမ်းတွဲထဲက
မလွယ်ကူခြင်းတွေမှာ ရှင်သန်နေကြတဲ့သူတွေကို ကြည့်ပြီး
ကိုယ်ပိုင် မလွယ်ကူခြင်းတွေအတွက် တခြားအမြင်တစ်ခု ထပ်ဖြည့်ပေးနိုင်ခဲ့တယ်။
ဇာတ်လမ်းအညွန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။
စုစုပေါင်း ၁၆ ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။