Movie Name
Dragon Knight (2022)
Year
2022
Generes
Fantasy
Code
EN1052
Type
Movie
Size
599 MB
Country
Hollywood
Description
King Arthur, Merlin တို့လို အ​နောက်တိုင်းပ​ဒေသရာဇ်​ခေတ် မြင်းစီးစစ်သူရဲ​တွေရဲ့ စွန့်စားခန်း​တွေ၊ Dragon​နဲ့ပတ်သက်တဲ့ စွန့်စားခန်း​တွေဟာဆိုရင် ဘယ်​ခေတ်၊ ဘယ်အချိန်​မှာမှ ရိုးအီသွားမှာမဟုတ်တဲ့ ဇာတ်​လမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း၂၀၂၂ထုတ် Fantasy Adventure ဇာတ်လမ်းအသစ်​​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမ​​ကောင်းဆိုးဝါးကို​ချေမှုန်းဖို့ ငါးပြည်​​​ထောင်​သော မဟာမိတ်​တွေ၊ နဂါး​တွေနဲ့ နဂါးစစ်သည်​​​​​​တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့​ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာ​ကြောင့် နဂါး​တွေလည်း​​သေ၊ နဂါးစစ်သည်​တော်အဖွဲ့လည်း မရှိ​တော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။ ဘ​ရေဒန်ဆိုတာက​တော့ ​ပြိုကွဲသွားတဲ့နဂါးစစ်သည်​တော်အဖွဲ့ရဲ့ ​​နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အ​မွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ​​ချေမှုန်းဖို့ အမြဲကြိုးပမ်း​နေသူ​ပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ​ပျောက်ဆုံးသွားတဲ့ နဂါး​တွေကို လိုက်ရှာရင်း နဂါး​တွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ သူ့ရဲ့နဂါးရှာပုံ​တော်အတွင်း မိတ်​ဆွေသစ် ​​တွေရလာပြီး တူတူစွန့်စားခန်းဖွင့်ပါ​တော့တယ်၊ သူတို့လိုက်ရှာ​နေတဲ့ နဂါးကို ရှာ​တွေ့မှာလား၊ အဒ်ဘန်ဒန်တို့ကို သူတို့အနိုင်ယူနိုင်မှာလားဆိုတာ ​ပေါ့​ပေါ့ပါးပါးကြည့်ရှုရမှာပါ