Movie Name
Without Ward (2022)
Year
2022
Generes
Drama, Romance, Sci-Fi
Code
EN1054
Type
Movie
Size
577 MB
Country
Hollywood
Description
Without Ward (2022) ဇာတ်လမ်းအညွှန်း Sci-Fi romantic ဇာတ်ကား အမျိုးအစားလေးတစ်ခုပါ။ အင်မတန်တော်တဲ့ တီထွင်သူ ဝေါ့ဒ်ဟာ လူတွေ ဟေ့စ်လို့ခေါ်တဲ့ ကိုယ်ပိုင် စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနိုင်ဖို့အတွက် ဆေးတစ်ခု တီထွင်ခဲ့တယ်။ ကမ္ဘာ့အချမ်းသာ‌ဆုံး ပုဂ္ဂိုလ်တွေကစလို့ ငွေကြေးတတ်နိုင်သူတွေဟာ စည်းစိမ်တွေပုံအောပြီး အဲ့ဆေးကို သုံးခဲ့ကြတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ကမ္ဘာ့လူဦးရေ ၅၀% ‌လောက်ဟာ အဲ့ဆေးကို သုံးပြီး ဟေ့စ်ထဲမှာပဲ ရှင်သန်ကြတော့တယ်။ အက်စကွိုင်ရာလို့ခေါ်တဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ ရှေ့နေတွေက ဆေးသုံးသူတွေကို စောင့်ရှောက်ပေးဖို့ စာချုပ် မချိုးဖောက်ဖို့ ကြီးကြပ်ပေးရတယ်ပေါ့။ တစ်ကမ္ဘာလုံးကို Contractualiam လို့ခေါ်တဲ့ အစိုးရ တစ်ရပ်က ချုပ်ကိုင်ထားတယ်။ တစ်နေ့ ဆေးကို တီထွင်သူ ဝေါ့ဒ်ဟာ ကိုယ့်ကိုယ်ကို သတ်သေလိုက်တယ်။ ဟေ့စ်ထဲမှာပဲ တစ်သက်လုံးနေပြီး မနိုးလာတော့ဘူးလို့ ယုံကြည်ခဲ့တဲ့သူတွေဟာ ဝေါ့ဒ်မရှိလို့ ဆေးပြတ်သွားပြီး လက်တွေ့ဘဝထဲမှာ နိုးလာကြတယ်။ တစ်ချို့က မအိုသွားဘူး တစ်ချို့က အိုသွားတယ်။ နိုးလာတဲ့ ဆေးသုံးသူတွေဟာ စာချုပ်ထဲက သဘောတူညီချက်အရ အိမ်အကျယ်ချုပ်ချခံရတယ်။ အိမ်အပြင်ထွက်ရင် ပစ်သတ်ခံရမယ်ပေါ့။ ဒီလိုနဲ့ ဂေါ့ပ်တို့ မိသားစု ဘယ်လိုအခက်အခဲတွေကို ကြုံရမလဲ ဒီအခြေအနေဆိုးကြီးကနေ ဘယ်လို လွတ်မြောက်မလဲ ကြည့်လိုက်ကြရအောင်။