Movie Name
Nicky Larson And The Cupid’s Perfume (2018)
Year
2018
Generes
Comedy, Crime
Code
EN1059
Type
Movie
Size
790 MB
Country
Hollywood
Description
Nicky Larson and the Cupid’s Perfume (2018) IMDb 6.5 Crime/Comedy တော်ရုံတန်ရုံ ဟာသကားဆို ပြုံးရုံပဲပြုံးတတ်တဲ့ ကျွန်တော်တောင် တော်တော်ရယ်မိတဲ့ကားပါဗျာ။ ပြင်သစ်ကားတွေ ကောင်းရင် ရှယ်ကောင်းတယ်ဆိုတာ ဒီကားကလည်း ထပ်ပြီးသက်သေပြတယ်လို့ကိုဆိုရမယ့်ကားဗျ။ ဇာတ်လမ်းအမျိုးအစားက မှုခင်းအက်ရှင်ဟာသကား‌ဆိုပေမဲ့ ဟာသက ဟာသသက်သပ်၊ အက်ရှင် အက်ရှင်သက်သက်ဖြစ်နေတာရယ်။ ပြောချင်တာကဗျာ ဟာသတွေ ပါလို့ဆိုပြီး အက်ရှင်တွေက ပေါ့မသွားဘူး၊ အက်ရှင်တွေ ပါလို့လည်း ဟာသတွေရဲ့ရသ လည်း ပျက်မသွားဘူး။ တစ်ကားလုံး ဟာသလာပြီဆို ရှယ်ခွီ၊ အက်ရှင်လာပြီဆို ရင်ဖိုလိုက်နဲ့ ခွီလိုက် ဖိုလိုက်နဲ့ကို ကြည့်ရမှာ။ တကယ်ဗျာ အက်ရှင် ဇာတ်ကွက်တွေကလည်း 2018 ကလို့မထင်ရအောင် ဇာတ်ကွက်၊ ရိုက်ကွက်ကောင်းသလို၊ ဟာသတွေကလည်း ရိုးမနေဘူးဗျာ။ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ် ကြေးစာလက်ဖြောင့်သမားသာသာအလုပ်လုပ်နေတဲ့ နစ်ကီဆီကို မစ်ရှင်တစ်ခုလာအပ်ရာကနေ စတယ်ဆိုပါတော့။ နစ်ကီကို လာအပ်တဲ့ မစ်ရှင်ကဘာလဲ၊ အဲဒီမစ်ရှင်ကြောင့် ဘယ်လိုတွေဖြစ်ကြမှာလဲ၊ နစ်ကီကရော ဘယ်လိုဇာတ်ကောင်မျိုးလဲဆိုတာကို ဇာတ်ကားစလာတဲ့အခန်းတည်းက ရှယ်ခွီရမယ့် ကားလေးကို ရှူစားပေးကြပါဦး။