-
Movie Name
-
Single Drunk Female (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
SE0213
-
Type
-
Series
-
Size
-
3.70 GB
-
Country
-
Hollywood
-
Description
-
1-10 Completed
IMDb Rating – 6.6/10
Single Drunk Female ဆိုတဲ့ နာမည်အတိုင်းပါပဲ ဆမန်သာ ဟာ
အရက်စွဲနေတဲ့ တစ်ကိုယ်တည်း မိန်းကလေးတစ်ယောက်ပါ။ အလုပ်
လုပ်ရာ နယူးယောက် မီဒီယာကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ကိုင်နေရင်း
အရက်သောက်ပြီး အထက်လူကြီးနဲ့ ပြဿနာတက်သည့်အတွက်
အလုပ်ထုတ်ခံလိုက်ရပါတယ်။ ထို့နောက် ပြန်လည်ထူထောင်ရေး စခန်းမှာ
နေခဲ့ပြီး အမေရှိရာ မွေးရပ်မြို့လေးဆီ ပြန်လာခဲ့ပါတယ်။
ကြီးကြပ်ရေးအရာရှိ အမိန့်အရ တရားအစွဲမခံချင်ရင် အရက်ဖြတ်သည့်
ဆွေးနွေးဝိုင်းသို့ မဖြစ်မနေ တက်ရောက်ရပါတော့တယ်။
မြို့ကို ပြန်ရောက်လာတွင် ရည်းစားဟောင်း ဖြစ်သူဟာလည်း အရင်က
အရင်းနှီးဆုံးသူငယ်ချင်း နှင့် လက်ထပ် တော့မယ်ဆိုတာ သိလိုက်ရပါတယ်။
အရက်ဖြတ်မယ်လို့ စိတ်ဆုံးဖြတ်ထားပေမယ့် ထိုနေ့မှာ တခြား သူငယ်ချင်း
တစ်ယောက် နဲ့ ဘားမှာ တွေ့ရာမှ စိတ်မထိန်းနိုင်ပဲ အရက်ပြန်သောက်မိရာမှ
မူးလျက် ကားမောင်းမိပြီး ဝင်တိုက်မိ၍ အချုပ်ကျသွားပါတော့တယ်။
အချုပ်ရက်ရှည်မကျဘဲ အမှုပိတ်သိမ်းပေးစေချင်ရင် ရပ်ရွာဝန်ဆောင်မှု
လုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ ဆွေးနွေးပွဲတွေတက် မပျက်မကွက် တက်ရောက်ပါက
၁၂ လအတွင်း အမှုပိတ်သိမ်းပေးမယ်ဆိုတဲ့ သဘောတူညီချက်ကို ကြီးကြပ်ရေး
အရာရှိနဲ့ ရလိုက်ပါတယ်။ ထို ဆွေးနွေးပွဲမှာပဲ အရင် ဇာတ်လမ်း ရှိခဲ့ဖူးတဲ့
ယောကျာ်းတစ်ယောက်နဲ့ ပြန်တွေ့ခဲ့ပါတော့တယ်။
အဲ့တော့ ဒီစီးရီးထဲမှာ ဆမန်သာ တစ်ယောက် အရက်စွဲနေတာ ကို ဘယ်လိုဖြတ်မလဲ၊
စီးပွားရေး နှင့် လူမှုရေးပြဿနာများ ဘယ်လို ဖြေရှင်းမလဲဆိုတာတွေကို
ဟာသများနှင့် ရယ်မောဖွယ်ကြည့်ရှု့နိုင်မယ့် ဟာသဇာတ်လမ်းတွဲကောင်းလေး
ဖြစ်ပါတယ်။