-
Movie Name
-
Bheeshma Parvam (2022)
-
Year
-
2022
-
Generes
-
Action
-
Code
-
IND0332
-
Type
-
Movie
-
Size
-
966 MB
-
Country
-
Bollywood
-
Description
-
Bheeshma Parvam 2022
ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်
မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲက
လူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့
မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစုဝင်တွေရဲ့
ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူး
မိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီး
မိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့
ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့
ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာ
ရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်