Movie Name
Trust No One The Hunt For The Crypto King
Year
2021
Generes
Crime, Documentary
Code
EN1063
Type
Movie
Size
786 MB
Country
Hollywood
Description
Trust No One: The Hunt for the Crypto King (2022) ==================================== Cryptocurrency…. ၂၀၀၈ ခုနှစ်ဟာ စတင်​ပေါ်​ပေါက်ခဲ့တဲ့ Currencyတစ်ခုဟာ ဆယ်စုနှစ်​​ကျော်ကြာ ၂၀၁၇၊ ၂၀၁၈မှာ ပဲ ကမ္ဘာ့ Financial stream တစ်ခုလုံးကို အကြီးအကျယ် ရိုက်ခတ်​လာတဲ့ digital currencyတစ်ခုဖြစ်လာပါပြီ၊ ကိုယ့် ရဲ့ပိုင်ဆိုင်မှုကို ​ငွေသားအ​နေနဲ့ သိမ်း​နေစရာမလို၊ ဘဏ်​တွေနဲ့ ဇယားရှုပ်စရာမလိုတဲ့အပြင် ကိုယ်investထားတဲ့coinတန်ဖိုး ဟာ ​​ရွေးချယ်မှု မှန်သ​လောက် အဆ ရာနဲ့ချီပြီး ဈေးမြောက် သွားနိုင်တဲ့ မက်လုံး​ကြောင့် Investor​တွေ၊ အလွယ်လမ်းနဲ့ သူ​ဌေးဖြစ်ချင်သူ​တွေ တဟုန်ထိုးစိတ်ဝင်စားလာတဲ့ နယ်ပယ် ​​ပေါ့၊ ဒီလိုမနူးမနပ်လူသစ်​တွေ များလာတာနဲ့အမျှ scammer လို့​ခေါ်တဲ့ အွန်လိုင်းလူလိမ်​တွေလည်း များစွာ​ပေါ်လာပါတယ်၊ ဒီDocumentaryက​ crypto​လောကမှာ အ​တော်ကိုပွဲ​ဆူခဲ့တဲ့ Scammer တစ်​ယောက်အ​ကြောင်း ဖြစ်ရပ်မှန်မှတ်တမ်းပါ၊ က​နေဒါရဲ့အကြီးဆုံးCrypto exchangeဖြစ်တဲ့QuadrigaCX ဟာ Investor​တွေရဲ့ keyကို နံပါတ် ၆၄ လုံးအထိ ထား​ပေးတဲ့ အတွက် သိပ်ကိုယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ exchangeပါ၊ Investor​တွေက လည်း အဆိုပါkey​တွေကို ကုမ္ပဏီပဲတာဝန်ယူ သိမ်းဆည်း​ထားဖို့ တောင်းဆိုခဲ့ပါတယ်၊ ဒီkey​တွေကိုသိနိုင်တဲ့ တစ်ဦးတည်း​သောသူက​​တော့ Founder Gerry Cotten ပါ၊ ၂၀၁၇​လောက်မှာ coinတစ်ပြားကို ​ဒေါ်လာ၁၇,၀၀၀နှုန်း​အထိ တက်သွားတဲ့ Bitcoinတန်ဖိုးဟာ ၂၀၁၈မှာ တရုတ်နဲ့ ကိုရီးယား ရဲ့ banခံရမှုနဲ့ ကြုံလာနိုင်တာ​​ကြောင့် ​​ဈေးထက်ဝက်​ကျော်ထိုး ဆင်းသွားပါတယ်၊ Investor​တွေကလည်း အရှုံး​ပေါ်မှာ စိုးလို့ ရတဲ့​ဈေးနဲ့ အစုလိုက်အပြုံလိုက် withdrawlကြလို့ exchange ​တွေ အ​တော်အထိနာသွားပါတယ်၊ ဒီထဲမှာ QuadrigaCXလည်း အပါအဝင်ပါပဲ၊ Withdrawl request​​တွေများလွန်းလို့ အလျင် မီ​အောင် မထုတ်​ပေးနိုင်တဲ့ ပြဿနာ​တက်​နေချိန် Founderဖြစ် သူ Gerry Cottenဟာ ရုတ်တရက်ကြီးဆုံးပါးသွားပါတယ်၊ သူဆုံးပါးသွားချိန် မှာ QuadrigaCX ထဲမှာရှိတဲ့ ရင်းနှီးမြုပ်နှံ​​​ငွေ စုစု​ပေါင်းက အ​မေရိကန် ​ဒေါ်လာသန်း၂၅၀တိတိပါ၊ Cryptoရဲ့ သ​ဘောအတိုင်း key​ရှိတဲ့သူကပဲ coin​တွေသုံးစွဲနိုင် တဲ့အခါ Key​တွေကို သိတဲ့တစ်ဦးတည်း​​သော Gerry ​သေဆုံး သွားလို့ Investor​တွေအ​နေနဲ့ တစ်​နေ့ တစ်မနက်တည်းမှာနဲ့ပဲ Coin​တွေဆုံးတဲ့ ဘဝ​ရောက်သွားပါ​တော့တယ်၊ ​ဒေါ်လာ သန်း ၂၅၀ဆိုတဲ့ပမာဏဟာ အလွန်များတာမလို့ Gerryကသေဆုံးမှု အတုလုပ်ပြီး ထွက်​ပြေးသွား​သလား၊ သူ့မိန်းမကပဲ Gerryကို ပြန်သတ်ပြီး key​တွေကိုဖြောင်လိုက်​​လေသလားဆိုတဲ့ သို့​လော သို့​လောမေးခွန်း​တွေ တန်းစီထွက်လာပါတယ်၊ ဒီDocuမှာတော့ အဆိုပါ​ မေးခွန်း​တွေကို အတွင်းကျကျလိုက်လံ စုံစမ်း​ဖော်ထုတ် ထားတာပဲဖြစ်ပါတယ်၊