Movie Name
ကာရံမညီသောချစ်ခြင်း (Kamin Gub Poon)
Year
2016
Generes
Drama, Romance
Code
ST0515
Type
Series
Size
18.9 GB
Country
Thai
Description
1-16 Completed ဇာတ်လမ်းအကျဉ်း .... ၁၉၄၃ ခုနှစ်ပိုင်းမှာ ထိုင်းနိုင်ငံဟာ လူမှုရေးရော နိုင်ငံရေးပိုင်းမှာပါ ပြောင်းလဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် .... ဘယ်အရာတွေပဲ ဘယ်လိုပြောင်းလဲသွားပါစေ .... ဖရာအဖိဘန်မရုန်နဲ့ ဖရဝိကျစ်စီလပကောတို့အိမ်တော်နှစ်ခုကြားကအမုန်းတရားတွေကတော့ဘယ်တော့မှ မပြောင်းလဲသွားပါဘူး .... အကြောင်းပြချက်တွေထဲက တခုကတော့ အဖိဘန်မရုန်ရဲ့အမေဖြစ်သူက ဖရဝိကျစ်ရဲ့အဖေနောက်ကိုလိုက်ပြေးခဲ့ပြီး အဖိဘန်မရုန်အိမ်ကို ဂုဏ်သက္ခာညိုးနွမ်းစေခဲ့တာကြောင့်ပါ .... အဖိဘန်မရုန်မှာ ပရာနစ်ဆိုတဲ့သားတစ်ယောက်နဲ့ ပရစ်, ကျမ်ပါ နဲ့ ပီ ဆိုတဲ့သမီးသုံးယောက်ရှိပါတယ် .... ဒီမိသားစုမှာ ပရာနစ်ရဲ့သမီးတွေဖြစ်တဲ့ ပတ်ထမာ, ပီနာ နဲ့ ပါရမီဆိုပြီးမြေးမသုံးယောက်လဲ ရှိပါသေးတယ် .... မိသားစုရဲ့အကြီးဆုံးမြေးမဖြစ်တဲ့ ပတ်ထမာဟာ ရန်သူဖြစ်တဲ့ ဖရဝိကျစ်ရဲ့သားအငယ်ထနာနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ် .... သူ့အစ်မကိုမနာလိုမုန်းတီးနေတဲ့ ပဝီနာရဲ့ အဘိုးဖြစ်သူကိုတိုင်ကြားမှုကြောင့် ပတ်ထမာဟာအပြစ်ပေးခံခဲ့ရပြီး သီလရှင်ဝတ်ပေးခံခဲ့ရပါတယ် .... ပတ်ထမာရဲ့အချစ်ဆုံးသူငယ်ချင်း ထန်တဝမ်ရဲ့အကူအညီနဲ့အတူ ထနာက သူမကိုသီလရှင်ကျောင်းကနေ လွတ်အောင် ကူညီပေးခဲ့ပြီး သူတို့လက်ထပ်ခဲ့ကြပါတယ် .... ဖရာအဖိဘန်မရုန်ကလဲ အမြတ်ထွက်ပြီး ပတ်ထမာကိုမိသားစုနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပါတယ် .... ဒီဇာတ်လမ်းတွဲဟာ အမုန်းတရားတွေနဲ့ပြည့်နေတဲ့ မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို အဓိကဖော်ပြထားတာပဲဖြစ်ပါတယ် ....