Movie Name
Youre So Precious To Me (2021) (My Lovely Angel)
Year
2021
Generes
Drama
Code
KR0195
Type
Movie
Size
727 MB
Country
Korea
Description
My Lovely Angel (2021) အညွှန်း Descendants of the Sun ထဲက Jin Goo ရဲ့ Drama movie လေးပါ။ ဘဝကို အထီးကျန်ဆန်စွာ ဖြတ်သန်းနေခဲ့ရတဲ့ အမျိုးသားတစ်ယောက်၊ အလုပ်ကိုပဲ စိတ်နှစ်ထားပြီး လုပ်ကိုင်နေရာကနေ တစ်နေ့မှာတော့ သူ့ ဆီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့အိမ်ကို သွားကြည့်ရာကနေ ၇ နှစ်အရွယ် အမြင်အာရုံနဲ့ အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်လေးကို တွေ့ခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း သေဆုံးသွားပြီး အခြား ဆွေမျိုးသားချင်းတွေလည်း မရှိတာမို့ ကလေးကို ခေါ်လာရဖို့ ဖြစ်လာပါတယ်။ အရင်နဲ့ မတူညီတဲ့ ဘဝကို ဖြတ်သန်းရတော့မဲ့ လူနှစ်ယောက် တစ်ယောက်ရဲ့ဘဝကို တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲစေမလဲဆိုတာတွေ … သွေးသားမတော်စပ်ပေမဲ့ လူလူချင်းကြားက သံယောဇဉ်တွေ ကို ပုံဖော်ရိုက်ကူးထားတဲ့ ဒရမ်မာ လေးပါ။ စွန့်အ၊ နား မကြားတဲ့ ကလေးမလေးကို ပျိုးထောင်ရဖို့ အကြောင်းဖန်လာတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံရမလဲ? အဆက်အသွယ်လုပ်ဖို့ အခက်အခဲတွေ ရှိတဲ့ကြားက သူတို့ချင်းနားလည်အောင် ဘယ်လိုတွေ ကြိုးစားကြမလဲ? ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာ အတူတူဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။