Movie Name
The Centipede Is Tap Dancing (Le Mille Pattes Fait Des Claquettes) (1977)
Year
1977
Generes
Comedy
Code
EN1066
Type
Movie
Size
1.12 GB
Country
Hollywood
Description
CM ပရိတ်သတ်​တွေအတွက် Old but Gold comedy​တွေထဲက တစ်ကားဖြစ်တဲ့ Le Mille Pattes Fait des Claquettesဆိုတဲ့ ဇာတ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 1977ထွက် ပြင်သစ် Comedy ဇာတ်ကားပဲ ဖြစ်ပြီး ဒုတိယ​ကမ္ဘာစစ်​ကို နောက်ခံထား ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တန်ခိုးထွားခဲ့တဲ့ နာဇီဂျာမန်​တွေက ပြင်သစ်နိုင်ငံကို လက်ခုပ်ထဲက​ရေလို ကြိုးကိုင်ချယ်လှယ်ခဲ့ချိန် တစ်ခု ရှိခဲ့ဖူးပါတယ်။ ပြင်သစ်ရဲ့ အဖိုးတန်အ​မွေအနှစ်​မှန်သမျှ အပိုင်စီးပြီး ဂျာမဏီကိုပို့ပစ်ခဲ့တဲ့ အချိန်ကာလတစ်ခု​ပေါ့၊ ဒီလိုတိုင်းတစ်ပါးရဲ့ အ​မွေအနှစ်​တွေကို စိတ်တိုင်းကျ​မောင်ပိုင်စီး နေတဲ့ ဂျာမန်ဗိုလ်ချုပ်​​တွေ ​နောက်ထပ်မျက်စိကျလာတာက​တော့ ပြင်သစ်နိုင်ငံ ပါရီမြို့ Louvre ပြတိုက်မှာရှိတဲ့ လှပခြင်းနဲ့အချစ် နတ်သမီး Aphroditeရဲ့ ရုပ်တုဖြစ်တဲ့ “Venus De Milo” ရုပ်တု ကိုပါ။ နိုင်ငံရဲ့အ​မွေအနှစ်ရုပ်တုကြီးတစ်ခု တိုင်းတစ်ပါးလက်ထဲ ​​ရောက် တော့မှာ သိလိုက်ရတဲ့ ပြင်သစ်သားလူငယ် ၃​ယောက်ဟာ ဂျာမန် ကောင်​တွေလက်ထဲက​နေ ရုပ်တုကြီးကို တဖန်ပြန်ခိုးပြီး “ရုပ်တု မပါသွား​ရေး ဒို့အ​​ရေး”လုပ်ကာ ဂျာမန်စစ်တပ်​တွေ လိုက်ဖမ်းတဲ့ ကြားက​နေVenus De Miloရုပ်တုကို ကာကွယ်​ဖို့ကြိုးစားပုံ​တွေ စွန့်စားခန်း​တွေကို ဟာသဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​၂၀၂၂နဲ့ ၁၉၇၇ခုနှစ်ကြား ခေတ်ကာလ​ရေစီး​ကြောင်းခြားနားမှုနဲ့ Comedy ideologyကွာခြားမှု​များတာမလို့ ဒီ​ခေတ်ဟာသ​တွေနဲ့ ကွဲထွက်​​နေတဲ့ အရင်​ခေတ်ရဲ့ ဟာသပုံစံ​​တွေကို ​တွေ့ရှိရမှာပါ။ IMDb အ​နေနဲ့​က​တော့ rating သိပ်များ​လေ့မရှိတဲ့ comedy သီးသန့် Genre၊ ​၁၉၇၇ထွက် ခေတ်​ဟောင်းကားဖြစ်တာ​တောင် 5.6 ရရှိထားပါတယ်။ စိတ်ညစ်ညူးစရာ​တွေ များ​နေတဲ့ လက်ရှိ အချိန်မှာ ဟာသကား​လေးနဲ့ တစ်ခဏဖြစ်ဖြစ် ဘဝအ​မော​​ပြေဖို့ တင်ဆက်​ပေးလိုက်ပါတယ်။