Movie Name
Someone (2016)
Year
2016
Generes
Drama
Code
JP0060
Type
Movie
Size
465 MB
Country
Japan
Description
Someone (2016) ဘွဲ့ရပြီးတဲ့ ဂျပန်လူငယ်ငါးယောက်၊ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ကျွန်တော်တို့လို Third World Country တွေမှာ ပေါများသလို Japan လိုတိုးတက်ပြီးသားနိုင်ငံမှာ မရှိပါဘူးရယ်တော့ ပြောလို့မရပါဘူး၊ ဂျပန်နိုင်ငံမှာဘွဲ့ရထားပြီး အလုပ်ခွင်ဝင်ဖို့ကြိုးစားတဲ့အခါ အလုပ်လျှောက်ကြတဲ့အခါ အခက်အခဲကိုမျိုးစုံကြုံကြရပါတယ်တဲ့။ ဒီလိုဘွဲ့ရပြီးသားဂျပန်လူငယ် ငါးယောက်က အလုပ်လျှောက်ဖို့ပြင်ကြတဲ့အခါ သူတို့ငါးယောက်လုံးက တိုက်ခန်းတူနေပါတယ်၊ ဒီလိုနဲ့တူတူကြိုးစားကြ တူတူ‌အလုပ်တွေလျှောက်ဖြစ်ကြတယ်ပေါ့ဗျာ၊ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ရသွားလိုက်ကြတာ မရသွားတဲ့ကောင်လေးတစ်ယောက်ကတော့ကျန်ရစ်ဖြစ်ပြီး စွန့်ပစ်ခံရသလိုခံစားနေရတဲ့အခါ သူတို့ကြားကဆက်ဆံရေးတွေကအရင်လိုမဖြစ်နိုင်တော့ပါဘူး။ ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို အနည်းအကျဉ်းဆိုသလိုထိတွေ့ခွင့်ရမယ့် ဝတ္ထုတစ်ပုဒ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ဂျပန်သိပ်မကြည့်တဲ့ သူတွေနဲ့တောင် မစိမ်းတဲ့လူတွေပါပဲ။ ကန်ရှင်းမင်းသား၊ Flying colors မင်းသမီး၊ Drive My Car ထဲက ဒုတိယမင်းသားတို့တွေပါ။ ထိပ်တန်းသရုပ်ဆောင်တွေချည်းပါပဲ။ ဒီနေ့ခေတ် ဒီနိုင်ငံမှာ ဂျပန်ကိုသွားဖို့ အစီအစဉ်ရှိနေတဲ့သူတွေ များသလို ဂျပန်စာလေ့လာနေကြတဲ့သူတွေလည်း မနည်းပါဘူး။ မြင်မိသလောက် လူငယ်သုံးချိုးတစ်ချိုးလောက်နီးပါးပါပဲ။ ဒီရုပ်ရှင်ဟာ ဂျပန်မှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ ဗဟုသုတအနည်းအကျဉ်းရအောင် ကြည့်ထားသင့်တဲ့ကားပါ။