Movie Name
Wildland (2020)
Year
2020
Generes
Crime, Drama, Thriller
Code
EN1074
Type
Movie
Size
761 MB
Country
Hollywood
Description
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို မ​ကောင်းတဲ့ လူတွေနဲ့ အ​နေကြာလာတဲ့အခါ ကိုယ်ကိုယ်တိုင် အမှားကိုအမှားမှန်း သိရက်နဲ့မ​ကောင်းမှုမှာ ​ မွေ့​လျော်သွားတဲ့အခါ ဘာကို အပြစ်တင်ရမလဲ၊ ကိုယ့်ဗီဇကိုက ဆိုး​​နေလို့လား ပတ်ဝန်းကျင်လွှမ်းမိုးမှုကပဲ အရမ်းကြီး​နေလို့လား… ဒီရုပ်ရှင်ဟာ ဒိန်းမတ်ဒါရိုက်တာ Jeanette Nordahlရဲ့ ပွဲဦးထုတ်ရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပြီး 2020 ဘာလင်ရုပ်ရှင်ပွဲ​တော်မှာပြသခွင့်ရခဲ့သလို Critic​ များစွာရဲ့ Review​ကောင်း​တွေကို ရရှိထားပါတယ်၊ ကြည့်ရှုသူ​တွေက ​ပေးတဲ့IMDb ratingမှာ 5.8ပဲရှိပြီး Criticသမားအများစုရဲ့ Rotten Tomatoesမှာတော့ 93% အထိ ရှိ​နေတဲ့အတွက် ကြည့်ရှုသူအ​ပေါ် မူတည်ပြီး အကြိုက်​တွေ့မှု၊ မ​တွေ့မှု​တွေမှာ ဝိဝါဒကွဲပြားတာ​တွေ​တော့ ရှိနိုင်ပါတယ်၊ ဒါ​ပေမဲ့ဒီNoir themeရုပ်ရှင်ကားဟာ ​တွေးရင် တွေးသ​လောက် ​မေးခွန်း​များစွာ ကိုယ့်ကိုယ်ကိုယ် ပြန်​မေးမိမယ့် ဇာတ်ကားဆိုတာ​တော့ ​သေချာပါတယ်၊ ​ဆေးစွဲ​နေတဲ့မိခင်ဖြစ်သူရဲ့ ကားမ​တော်တဆမှု​ကြောင့် အသက်၁၇နှစ်သာ ရှိ​​သေးတဲ့ Idaဆိုတဲ့မိန်းက​လေးဟာ အ​ဒေါ်ဖြစ်သူ Bodilရဲ့မိသားစုနဲ့ သွား​နေထိုင်ရပါတယ်၊ ​အ​ဒေါ်မိသားစုဟာ သူ့အ​ပေါ်အရမ်း​ကောင်းပြီး တစ်ဦးနဲ့ တစ်ဦး အရမ်းချစ်ကြ​ပုံရပေမဲ့ သူတို့ရဲ့အဲဒီစရိုက်​တွေက ဟန်​ဆောင်မျက်နှာဖုံး ဖြစ်​နေခဲ့သလို သူတို့ရဲ့အသက်​ ​မွေးဝမ်း​ကြောင်းကလည်း သူတစ်ပါးရဲ့မျက်ရည်ကြီးငယ် နဲ့ ထမင်းစားရတဲ့အလုပ်မျိုးဖြစ်​နေတဲ့အခါ Idaရဲ့အကျင့်စရိုက်​တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊ တစ်​နေ့မှာ သူတို့ရဲ့အလုပ်က​နေ ဒုစရိုက်မှုတစ်ခုအဖြစ် ​ပြောင်းသွားတဲ့အခါ ဘယ်လို​ဖြေရှင်းကြမလဲဆိုတာ….. ဒီရုပ်ရှင်ကားဟာ အ​နောက်တိုင်းလို လူ့အခွင့်​အ​​​ရေးကို အရမ်းအ​ရေး​ပေးတဲ့ နိုင်ငံမျိုး​တွေမှာ​တောင် အနည်းငယ် အမြစ်တွယ်​နေ​သေးတဲ့ အဆိပ်ဆန်တဲ့မဟာဖိုဝါဒီအ​ကြောင်း ပါးပါး​လေး ပုတ်ထားပါတယ်၊ ဒါ့အပြင် Idaရဲ့ ဇာတ်ရုပ်ကလည်း ကိုယ်သာဆိုရင် ဒီလိုအဖြစ်မခံဘူးလို့ တွေးမိ​စေတဲ့အထိ နားလည်ရခက်​စေပါတယ်၊ ပြီး​တော့ viewer sensitiveဖြစ်နိုင်တဲ့ အခန်းတစ်ခန်းကို ​သေချာရိုက်ကူးပြထားတဲ့အတွက် ​ကြောက်လန့်တတ်သူ၊ စိတ်အား​လျော့တတ်သူဆိုရင် သတိထားကြည့်ဖို့ ​ပြောပါရ​စေ