-
Movie Name
-
Assistant Of Superstar (စူပါစတားရဲ့လက်ထောက်မလေး) (2022)
-
Year
-
2022
-
Generes
-
Comedy, Drama, Romance
-
Code
-
SC0510
-
Type
-
Series
-
Size
-
8.78 GB
-
Country
-
China
-
Description
-
ဇာတ်လမ်းအညွှန်း
🔹🔹🔹🔹🔹🔹
သိပ်ကိုချောမောပြီး နာမည်ကြီးစတားတစ်ယောက်ဖြစ်တဲ့"ယိုရှီး" သူ့ရဲ့တောက်ပနေတဲ့ထိုအလွှာရဲ့နောက်ကွယ်မှာတော့ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ် အဲဒါကတော့ စာပေအပိုင်းမှာအားနည်းချက်ရှိနေတာပါပဲ
သူ့ရဲ့အားနည်းချက်ကို ဖုံးကွယ်ထားနိုင်ပေမဲ့လည်း ဇာတ်ကားတစ်ကားရဲ့အဓိကဇာတ်ဆောင်နေရာက သရုပ်ဆောင်ရဖို့အင်တာဗျူးမှာ ကပျက်ကချော်လုပ်မိသွားခဲ့ပါတယ်
ထိုအဓိကဇာတ်ဆောင်နေရာကိုရဖို့အတွက် ယိုရှီးရဲ့အေဂျင်စီဟာ ယိုရှီးအတွက်သင်ပြပေးဖို့ နည်းပြရှာရင်း
"ယွိချီယောင်ယောင်"နဲ့တွေ့စေသောအခါ...
ကျန်းကျိုးတက္ကသိုလ် သမိုင်းဌာနမှကျောင်းသူတစ်ဖြစ် အချိန်ပိုင်းနည်းပြလည်းတစ်ဖြစ်လုပ်နေတဲ့ "ယွိချီယောင်ယောင်"ဟာ Crowd Phobia ( လူအများကြား ကြောက်စိတ်လွန်ကဲခြင်း) ရှိသူပါ သူ(မ)ဟာ ကလေးဘဝကတည်းက ဆရာမဖြစ်ဖို့ အိပ်မက်မက်ခဲ့သူလည်းဖြစ်ပါတယ်
"ယွိချီယောင်ယောင်"ဟာ "ယိုရှီး"ရဲ့သင်ကြားရေးဆရာမရော လက်ထောက်ပါဖြစ်လာရင်း နှစ်ယောက်သား အချစ်ဇာတ်လမ်းလေးတွေဖန်တီးကြမလား?? တွေ့ကတည်းက မတည့်ကြတဲ့နှစ်ယောက်သား ဘယ်လိုအပြန်အလှန်ကူညီဖေးမကြမလဲ?? ဆိုတာတွေကိုတော့ "Assistant of Superstar (စူပါစတားရဲ့လက်ထောက်မလေး)" ဆိုတဲ့ ဇာတ်ကားလေးမှာ မလွတ်တမ်းကြည့်လိုက်ရအောင်နော်🤎
(Main Roles တွေအနေနဲ့ "ယိုရှီး"အဖြစ် Kele Sun,
"ယွိချီယောင်ယောင်"အဖြစ် Hanna တို့မှ သရုပ်ဆောင်ထားပြီး ၂၄ပိုင်းပါဝင်ထားပါတယ်။)