-
Movie Name
-
Legally Romance (ချစ်ခြင်းဆိုင်ရာဥပဒေသ) (2022)
-
Year
-
2022
-
Generes
-
Comedy, Romance
-
Code
-
SC0511
-
Type
-
Series
-
Size
-
7.71 GB
-
Country
-
China
-
Description
-
ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့
မင်းသားမင်းသမီးချောချောလေးတွေ ပါဝင်ထားတဲ့
ဇာတ်လမ်းလေးလည်း ဆန်းတဲ့ Legally Romance ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်
Castsတွေကို ပြောပြရမယ်ဆိုရင်
ရှေ့နေလေးLu Xun အဖြစ် Exo memberဟောင်း Huang Zitao🐼
Lu Xun ရဲ့လက်ထောက်မလေး Qian Wei အဖြစ်
ချစ်စရာကောင်းတဲ့ မင်းသမီးလေး Song Zuer တို့က
ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်
1-33 Completed
ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ~~
အသက်၂၈နှစ် ရှိပြီဖြစ်တဲ့ Qian Wei ဆိုတဲ့ ကောင်မလေးဟာ
ရှေ့နေလေး Lu Xun ရဲ့ လက်ထောက်လည်း ဖြစ်သလို
အတန်းဖော်ဟောင်းဆိုလည်း မမှားပါဘူး
Qian Wei ကတော့ Lu Xun ဟာသူ့အတန်းဖော်ဖြစ်ခဲ့တာကြောင့်
သူ့အပေါ် ကောင်းကောင်းဆက်ဆံမယ် ထင်ပေမယ့်လည်း
တကယ်တမ်းကျတော့ အေးတိအေးစက်နဲ့ အထက်စီးဆန်ဆန်
ဆက်ဆံတာဖြစ်လို့ အရင်တုန်းက Lu Xun အပေါ်အပြစ်ကျူးလွန်ခဲ့မိတာကို
မကျေနပ်သေးတာကြောင့်လို့ ထင်လိုက်ပါတယ်
အဲ့ဒါကြောင့် အထက်လူကြီးဖြစ်တဲ့ Lu Xun ကျေနပ်အောင်
အမျိုးမျိုးကြိုးစားရင်း Qian Wei ဟာတစ်နေ့မှာတော့
မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မေ့မျောသွားခဲ့ပါတယ်
အဲ့လိုမေ့မျောနေတဲ့အချိန်မှာ သူ့အသက် ၁၉နှစ်အရွယ်ကို
အိမ်မက်တစ်ခုလိုမျိုး ရောက်ရှိသွားခဲ့ပါတယ်
အဲ့အိမ်မက်ထဲမှာ သူတွေ့လိုက်ရတာကတော့
အသက်၁၉နှစ်အရွယ် Lu Xun ကသူ့ကို အခုနဲ့မတူတဲ့ ဂရုစိုက်မှုတွေ
ပေးခဲ့တယ်ဆိုတာပါပဲ ပြန်သတိလည်လာတဲ့ Qian Wei ဟာ
Lu Xunရဲ့အတွင်းစိတ်ထဲထိ နားလည်အောင်ကြိုးစားရင်း
အမှုတွေကို အတူတူဖြေရှင်းရင်း တရားမျှတမှုတွေကို ရှာဖွေရင်းနဲ့ပဲ
အောင်မြင်မှုတွေနဲ့အတူ ချစ်ခြင်းတရားတို့ကိုပါ ရှာဖွေတွေ့ရှိသွားခဲ့ပါတော့တယ်
“လူတစ်ယောက်နဲ့ တစ်ယောက် ချစ်မိရတာက လူတိုင်းရဲ့နှလုံးသားထဲမှာ
ကွက်လပ်လေးတစ်ခု ရှိနေပြီး အဲ့ကွက်လပ်လေးကို အံဝင်ခွင်ကျဖြစ်စေမယ့်
အရာလေးနဲ့ ဖြည့်ပေးဖို့လိုအပ်တာကြောင့်ပါ”လို့ ထင်တဲ့
Lu Xun ရဲ့နှလုံးသားကွက်လပ်လေးကို ဖြည့်ဆည်းဖို့ကြိုးစားရာမှာ
ဘာတွေဖြစ်လာမှာလဲ ဆိုတာကိုတော့
CM ကနေမကြာခင်မှာတင်ဆက်ပေးတော့မယ့်
Huang Zitao နဲ့ Song Zuerတို့ လိုက်ဖက်ညီညီသရုပ်ဆောင်ထားတဲ့
Legally Romance ဆိုတဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွဲလေးမှာ
စောင့်မျှော်ကြည့်ရှုလို့ရပါတယ်နော်