-
Movie Name
-
Death Cast (2021)
-
Year
-
2021
-
Generes
-
Horror, Thriller
-
Code
-
EN1078
-
Type
-
Movie
-
Size
-
753 MB
-
Country
-
Hollywood
-
Description
-
Death Cast(2021)
ပထမဆုံးအနေနဲ့စော်လေးတွေမိုက်ပါတယ်။ ဒုတိယအနေနဲ့ဇာတ်လမ်းကသောက်ဆန်းကြီးပါ။ ဒီရုပ်ရှင်ထဲမှာပဲ နောက်ထပ်ရုပ်ရှင်တစ်ကားထပ်ရိုက်နေတဲ့ပုံစံမျိုးရိုက်ပြထားတာဖြစ်ပါတယ်။ အဲလိုကားတွေအရင်ကလည်းရှိဖူးတဲ့အတွက်အဲဒါကသိပ်မဆန်းပါဘူး။ ဘာကဆန်းတာလဲဆိုရင် ကြည့်ရင်းနဲ့ ရုပ်ရှင်လား ရုပ်ရှင်ထဲကရုပ်ရှင်လားဆိုတဲ့ကြားမှာခေါင်းစားရတာပါပဲ။ အဲဒါကပဲဒီဇာတ်ကားရဲ့အသက်လို့ဆိုနိုင်ပါတယ်။ အစကနေအဆုံးထိ အဲဒီနှစ်ခုကြားမှာလိုက်စဥ်းစားရင်းကိုမပျင်းရပါဘူး။
ဇာတ်လမ်းကတော့လူငယ်ခြောက်ယောက်ကို ထုတ်လုပ်ရေးတစ်ခုကဇာတ်ကားတစ်ကားအတွက် cast လုပ်ပြီး ရိုက်ကူးရေးအဖွဲ့တွေတစ်ယောက်မှမပါပဲ သူတို့ကိုယ်ပေါ်မှာပဲ mic တွေဆင်ပေးပြီး အိမ်ထဲမှာပဲကင်မရာတွေဆင်ထားတဲ့ မြို့ပြင်ကအိမ်တစ်အိမ်ကိုလွှတ်လိုက်ပါတယ်။ Reality show လိုပုံစံမျိုးလို့ထင်တယ်ဗျ။
အဲဒီမှာသူတို့ကိုဇာတ်ညွှန်းပေးထားတဲ့အတိုင်းသရုပ်ဆောင်နေတာလား တကယ်ဖြစ်နေကြတာလားဆိုတဲ့ကြားမှာ မြှုပ်ကွက်ပါးပါးလေးတွေထည့်ပြီး ဆွဲဆောင်သွားတာပါ။ ဒါပေမယ့်နောက်ဆုံးမှာ ဒိုင်ယာလော့ဂ်လေးတစ်ကြောင်းကပဲ တစ်ကားလုံးစဥ်းစားလာရတာတွေကိုအထုပ်ဖြေပေးသွားတာတစ်ခုတော့အတော်သဘောကျမိပါတယ်။
Rating သိပ်မကောင်းပေမယ့်လည်း သူတို့မှီငြမ်းထားတဲ့ဝတ္ထုကိုကကောင်းပြီးသားမို့ ရိုက်ချက်တွေလိုအပ်ချက်ရှိရင်တောင် ဇာတ်လမ်းဇာတ်အိမ်ကမညံ့ဘူးဆိုတာထက်ပိုပါတယ်။ Horror Thriller ဇာတ်ကားမလို့ ဟိုလိုအခန်းလေးတွေအနည်းငယ်နဲ့ အဝတ်အစားပိုင်းလွတ်လပ်ပေါ့ပါးတာတော့ရှိပါတယ်။