Movie Name
Old Monk (2022)
Year
2022
Generes
Comedy, Romance
Code
IND0338
Type
Movie
Size
1.01 GB
Country
Bollywood
Description
ကိုယ့်ရဲ့ရုံးက HRတစ်ယောက်က ရုံးအတွင်းမှာ ချစ်သူရည်းစားမထားရဘူးဆိုတဲ့ စည်းကမ်းကိုထုတ်ထားပြီး ချစ်လို့လက်ထပ်ကြမယ့် ချစ်သူတိုင်းရဲ့ မင်္ဂလာပွဲတိုင်းကို လိုက်ဖျက်နေမယ်ဆိုရင်လို့ တွေးကြည့်ကြပါ။ တော်တော်ကို ဒုက္ခရောက်မယ့်အမျိုးပါပဲ။ ဒီကားလေးကတော့ Rating 8.3ရရှိထားပြီး 2022ခုနှစ်မှာပဲ ထွက်ရှိထားတဲ့ Old Monkဆိုတဲ့ Comedy, Romance ကားလေးပဲဖြစ်ပါတယ်။ နတ်ပြည်မှာနေထိုင်တဲ့ နာရဒါမူနီဆိုတဲ့သူဟာ တစ်ကိုယ်တည်းသမားဖြစ်ပြီး အရှင်ခရစ်ရှနာရဲ့ အမျိုးသမီးဖြစ်သူ ရက်ဒါရဲ့မွေးနေ့မှာ ခရစ်ရှနာသူ့ချစ်သူရဲ့ မွေးနေ့ကိုမေ့နေတာကို ဆေးထိုးလိုက်ရာကနေ ခရစ်ရှာနာရဲ့ အမျက်ရှပြီး လူ့ပြည်ကို ကျိန်စာတစ်ခုနဲ့စေလွှတ်ခံလိုက်ရပါတယ်။ အဲဒီကျိန်စာကတော့ "မိန်းကလေးတစ်​ယောက်နဲ့ ချစ်ကြိုက်ပြီး အဲဒီမိန်းကလေးနဲ့လက်ထပ်ရဖို့ မိဘတွေကို စည်းရုံးရမယ်"ဆိုတာပါပဲ။ ဒီကျိန်စာနဲ့လူ့ပြည်ကိုရောက်လာတဲ့ သူက မွေးဖွားလာကတည်းက ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်မလိုဖြစ်ပေမဲ့ တိုင်ပင်တွေလွဲလွဲပြီး အချစ်ရေးမှာ ဆက်တိုက်ဆိုသလို အလွဲလွဲအချော်ချော်တွေဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို တခြားလူတွေလည်းရည်းစားမရပါစေနဲ့ဆိုတဲ့ အတွေးနဲ့ ရုံးမှာ HRရာထူးကို ကြိုးစားယူပြီး ယောကျာ်းနဲ့မိန်းမဆိုတာနဲ့ မျက်လုံးချင်းတောင်မဆုံစေဖို့ လိုက်တားမြစ်ပါတော့တယ်။ ဒီလို သူများတကာအတွဲတွေကို ညစ်တီးကျထားတဲ့ အာပနာတစ်ယောက် သူတကယ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ထပ်တွေ့လိုက်ရတဲ့အချိန်မှာ....ခရစ်ရှာနာရဲ့ ကျိန်စာကို ဖျက်နိုင်ပါ့မလား။ ရုံးထဲကလူတွေကလည်း သူ့လုပ်ရပ်တွေကို ငြိမ်ခံနေပါ့မလား။ ဘာတွေဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ ဒီ့အပြင် စီစဉ်လက်ထပ်ပွဲတွေကို ယဉ်ကျေးမှုလို့ သတ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံရဲ့ အယူအဆတွေကိုလည်း ပါးပါးလေးပုတ်ပြထားသေးတာမို့ ရယ်လည်းရယ်ရမယ့်အပြင် ပညာတွေလည်းရနိုင်ပါသေးတယ်။ CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီမို့ အားပေးကြည့်ရှုလိုက်ကြပါဦးနော်။