Movie Name
Ten Months (2020)
Year
2020
Generes
Comedy, Drama
Code
KR0198
Type
Movie
Size
511 MB
Country
Korea
Description
Ten Months (2020) ဇာတ်လမ်းအညွှန်း Ten Months ဆိုတဲ့ ဇာတ်ကားလေးကတော့ အသက် ၂၉ အရွယ် Old video game developer လေးတစ်ယောက်ဖြစ်တဲ့ ချွဲမီရယ်လေးရဲ့ အကြောင်းကိုပုံဖော်ထားတာဖြစ်ပါတယ်။ Game developer ကနေ မီရယ်တစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့် ကိုယ်ဝန်ရပြီး မိခင်တစ်ယောက် ဖြစ်လာမဲ့ အရေးနဲ့ ကြုံခဲ့ရပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ ဘဝတွေ နေထိုင်မှုတွေကိုမြင်ပြီး ကလေးမွေးဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အတွေးတွေဝင်လာခဲ့ပါတယ်။ သူ့ရဲ့ချစ်သူ ယွန်းဟိုကလည်း ရှိတဲ့အလုပ်ကပြုတ်ပြီး အလုပ်သစ်ကလည်းမရ၊ အခြေအနေတွေကလည်း ခက်ခဲလာ နဲ့ ဖိအားပေါင်းစုံ ရင်ဆိုင်လာရတယ်။ သူနဲ့သိတဲ့ မိခင်တွေရဲ့ ဘဝတွေကို လိုက်လေ့လာကြည့်တော့လည်း ကောင်းတာမတွေ့တဲ့အခါ မီရယ်တစ်ယောက် လက်လျှော့ချင်စိတ်တွေ ဖြစ်လာခဲ့ပါပြီ။ သို့သော်လည်း မကြာခင် လူတစ်ယောက်ဖြစ်လာတော့မဲ့ ကိုယ်ဝန်ကို ဖျက်ချတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်ထောင်မရှိတဲ့ မိန်းကလေးက တစ်ယောက်တည်း ကလေးမွေးပျိုးထောင်ဖို့ဆိုတာလည်း မလွယ်ကူတာအမှန်ပါ။ အဲလိုအခက်အခဲတွေကြားက မီရယ်တစ်ယောက် ဘယ်လိုဆုံးဖြတ်ချက်မျိုး ချသွားမလဲ? လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ လူသားဆန်စိတ်ကြား လွန်ဆွဲပွဲကြီးမှာ ဘယ်အရာက အသာရသွားမလဲ? ဇာတ်လမ်းလေးထဲ ဆက်လက် ခံစားကြည့်ရှုကြပါစို့