Movie Name
Yuni (2021)
Year
2021
Generes
Drama
Code
OT0022
Type
Movie
Size
788 MB
Country
Others
Description
၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှားရုပ်ရှင် Yuni ကို ရိုက်ကူးသူကတော့ အမျိုးသမီး ဒါရိုက်တာ Kamila Andini ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာမှာ တိုရန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး Platform Prize ကို ရရှိခဲ့ပါတယ်။ ၉၄ ကြိမ်မြောက် အော်စကာထူးချွန်ဆုပေးပွဲရဲ့ Best International Feature Film ဆုမှာ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ရာမှာ ရွေးချယ်ခံခဲ့ရပေမဲ့ နောက်ဆုံးဆန်ခါတင် ငါးကားစာရင်းထိတော့ မပါခဲ့ပါဘူး။ Yuni ဆိုတဲ့ ဆယ်ကျော်သက်မိန်းမငယ်လေးကို ဗဟိုပြုထားတဲ့ ဇာတ်လမ်းပါပဲ။ တက္ကသိုလ်တက်ချင်တဲ့ ဉာဏ်ကောင်းပြီး စမတ်ကျတဲ့ အထက်တန်းကျောင်းသူလေး Yuni ဟာ အိပ်မက်တွေ ကြီးကြီးရှိတဲ့ မိန်းကလေးပါ။ သူသိကျွမ်းရုံမျှ သိတဲ့ အမျိုးသားတဦးရဲ့ ချစ်ရေးဆိုမှုကို သူက ငြင်းလိုက်တယ်။ ဒီလိုငြင်းဆိုလိုက်တာကပဲ သူ့အဝန်းအဝိုင်းကြား ပြောစရာ ဖြစ်လာတယ်။ နောက်ထပ် ချစ်ရေးဆိုမှုတခုက ထပ်ရောက်လာတယ်။ Yuni က သူ့မိသားစုနဲ့ သူအိပ်မက်နောက်ကိုပဲ ဆက်လိုက်ချင်သူ မဟုတ်လား။ ဒုတိယမြောက်ချစ်ရေးဆိုမှုကိုလည်း ငြင်းဆန်ခဲ့တယ်။ ဒီမှာပဲ ဒေသရဲ့ ဓလေ့ ယုံကြည်မှုက အမျိုးသမီးတဦးဟာ ချစ်ရေးဆိုလာမှုကို နှစ်ကြိမ်ထက် ပိုပြီး ငြင်းဆန်ရင် ဘယ်တော့မှ အိမ်ထောင်ကျမှာ မဟုတ်တော့ဘူးတဲ့။ ဒီလိုမျိုး ဖိအားတွေနဲ့ ကြုံလာရတဲ့ Yuni ဟာ တချိန်တည်းမှာပဲ အရေးကိစ္စ နှစ်ခုနဲ့ ကြုံတွေ့နေပါတယ်။ ဒါရိုက်တာ Kamila Andini ကို ၁၉၈၆ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ဖွားမြင်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Garin Nugorho ရဲ့ သမီး အကြီးဆုံးဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံ Deakin တက္ကသိုလ်ကနေ Sociology and Media Arts ကို သင်ယူခဲ့ပါတယ်။ လူမှုရေးဆိုင်ရာ ပြဿနာတွေ၊ ဂျန်ဒါမညီမျှမှုနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို စိတ်ဝင်စားသူ Kamila ဟာ သူ့ရုပ်ရှင်တွေမှာ ဒီကိစ္စရပ်တွေကို သူ့ရှု့ထောင်ကနေ ရုပ်ရှင်တွေအဖြစ် တင်ပြလာပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူ့ကို သြစတျေးလျအစိုးရက Young Oustanding Alumni ဆု ချီးမြှင့်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်မှာ သူ့ရဲ့ ပထမဆုံး Feature Film ကို ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ The Mirror Never Lies ဆိုတဲ့ ဒီရုပ်ရှင်မှာ အင်ဒိုနီးရှားရဲ့ ပင်လယ်ဂျစ်ပစီတွေလို့ ခေါ်ကြတဲ့ Bajau လူမျိုးစုများအကြောင်းကို နောက်ခံပြထားပါတယ်။ WWF နဲ့ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော် ၃၀ ကျော်မှာ လှည့်ပတ်ပြသခဲ့ပါတယ်။ ဒီထဲမှာ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်လည်း ပါဝင်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေကနေ ဆုတွေလည်း ရရှိခဲ့ပြီး နိုင်ငံတကာရုပ်ရှင်အဝန်းအဝိုင်းကြား ချီးကျူးခံရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Yuni ဟာ သူ့ရဲ့ ၅ ကားမြောက် Feature Film ဖြစ်ပါတယ်။