Movie Name
Defendant (2017)
Year
2017
Generes
Crime, Drama, Thriller
Code
SKR0627
Type
Series
Size
8.22 GB
Country
Korea
Description
Defendant(2017) ဇာတ်လမ်းတွဲအညွှန်း ********************************** အပိုင်း (၁ မှ ၁၈) အထိ စ/ဆုံး “ကျွန်တော့်သမီးလေးဘယ်မှာလဲ….ကျွန်တော့်မိန်းမရော….မနေ့က အိမ်မှာကို အခုကျွန်တော်ဘယ်ရောက်နေတာလဲ….” သွေးရူးသွေးတမ်းနဲ့ လူတစ်ယောက်အော်ဟစ်နေတယ်…တကယ်တော့သူဟာ ထောင်ထဲရောက်နေတာပါ… မိန်းမနဲ့မွေးထားတဲ့သမီးလေးကိုသတ်မှုနဲ့ သေဒဏ်ကျခံဖို့စောင့်နေရတဲ့ လူတစ်ယောက်… သို့ပေမဲ့ ထောင်ထဲရောက်တာ တရားရင်ဆိုင်ရင်းနဲ့ဆို ၄လ ကာလ အချိန်ရှိနေပေမဲ့ သူ့မှတ်ဉာဏ်က အိပ်ရာက နိုးလိုက်တာနဲ့ သမီးလေးမွေးနေ့ကျင်းပပြီးတဲ့လွန်ခဲ့တဲ့ ၄လဆီကကိစ္စကိုပဲမှတ်မိနေပြီး တခြားကိစ္စတွေတော့ဘာမမှတ်မိတော့ပါဘူး… သူ့ဘဝရဲ့အပြောင်းအလဲဟာ လူတိုင်းအတွက်မယုံနိုင်စရာကောင်းတယ်..သူဟာအရင်တုန်းက သိပ်ထက်မြက်တဲ့ အမှုစစ်တစ်ယောက်….နားလည်ပေးတတ်တဲ့ ဇနီးသည်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့သူ့ဘဝဟာသိပ်ကို ကျေနပ်စရာကောင်းခဲ့တာ…ဒီလိုလူက ဇနီ:နဲ့သမီးကိုပြန်သတ်ခဲ့ပြီး ထောင်ထဲရောက်တော့လည်း မှတ်ဉာဏ်တွေ ဆုံးရှုံးနေတာ ဘာ့ကြောင့်လဲ…. ဒီဇာတ်လမ်းတွဲဟာ အပိုင်းတိုင်းမှာ Twist တွေ တလှေကြီးပါသလို နည်းနည်းလေးတောင် ကျော်ကြည့်လို့မသင့်တဲ့စီးရီးတစ်ခုပါ… ချစ်ကြိုက်ကွဲငြားတွေ အရိုတစ်လိုင်းသမားတွေတော့လက်ရှောင်သင့်ပါတယ်…..ဗီလိန်နဲ့အဓိက ဇာတ်လိုက်တို့အားပြိုင်တာကလည်း တကယ်ကိုပွဲကြီ:ပွဲကောင်းပဲ…Penthouse မှာ ဂျူထန်းဒယ်အဖြစ်လူတွေပိုသိခဲ့တဲ့ မျက်လုံးမှေးကျဉ်းကျဉ်းဘိုးတော်ပေါ့… Drama of the Year ဆုကိုလည်း ကောင်းကောင်းကြီးသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်…. နှိုင်းသင့်လားမသိပေမဲ့ ဒီကားရိုက်တဲ့ဒါရိုက်တာက မိုက်ကယ်စကိုးဖီးတို့ရဲ့ Prison Break ကို တော်တော်စွဲလမ်းပုံရတယ်… အဲ့ဒီဟန်ပန်အချို့လည်းပါနေတယ်….ဇာတ်ရှိန်ကျတဲ့အခန်းကို မရှိပါဘူး..Thriller, Mystery, Law,Crime တွေလုံးဝ စိတ်ဝင်စားတယ်ဆိုရင် 100% ညွှန်းဆိုပါတယ်….ကြည့်ကြပါလို့….