Movie Name
Choose Or Die (2022)
Year
2022
Generes
Horror, Thriller
Code
EN1085
Type
Movie
Size
428 MB
Country
Hollywood
Description
Choose or Die (2022) =============== Countdown လိုရုပ်ရှင်ကားမျို၊ Escape Room လို ရုပ်ရှင်ကားမျိုးကို မျှော်နေကြတဲ့ horror/thriller ကားကိုချစ်မြတ်နိုးသူ ရုပ်ရှင်ချစ်သူ ပရိသတ်အပေါင်းတို့အတွက် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာခဲ့တဲ့ ကားလေး ကတော့ Choose or Die ဆိုတဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ Horror/Thriller ကားအမျိုးအစား၊ ဇာတ်လမ်းဇာတ်အိမ် အကြမ်းဖျင်း တူလို့သာ အပေါ်က ကားနှစ်ကားနဲ့ နှိုင်းယှဉ်ထားတာဖြစ်ပြီး ဇာတ်လမ်း ဇာတ်ကွက်ကတော့ ရှယ်ကြည့်ကောင်းတယ်လို့ဆိုရမယ့် ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို Sex education စီးရီးရဲ့ မင်းသား Asa Butterfield ရယ်၊ မင်းသမီး Iola Evans ရယ်၊ Robert England တို့ပါဝင်ရိုက်ကူးထားပြီး ကြာချိန် ၈၅ မိနစ်အတွင်းမှာ ဇာတ်လမ်းဟာ ဆွဲဆန့်လွန်ခြင်း၊ တိုတုတ်လွန်ခြင်း စိတ်ကျေနပ်မှုတစ်ခုကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင်‌‌တော့ ဖခင်က စွန့်ခွာသွားလို့ မိခင်ဖြစ်သူနဲ့ မောင်လေးဖြစ်သူနဲ့ အတူတူနေနေရတဲ့ ကေလာဆိုတဲ့ ရင့်နင့်စရာ ကောင်မလေးရဲ့ ဘဝဇာတ်ကြောင်းကနေစပါတယ်။ သူဟာ အငယ်တန်း ပရိုဂရမ်မာတစ်ယောက်ဖြစ်တာကြောင့် သူ့လို့ စိတ်တူကိုယ်တူ သူငယ်ချင်းမက ရည်းစားမကျ အိုင်းဇက်က အမြဲလိုလို တပူးတွဲတွဲလုပ်နေလေ့ရှိသူပါ။ ကေလာ ကိုတော့ သူ့အမေရဲ့ နောက်ယောက်ျားဖြစ်လာနိုင်ခြေရှိတဲ့ အမျိုးသားက အမြဲ ချောင်းနေပြီးတော့ သူတို့နှစ်ယောက် ဘယ်လိုဆန်းကြမ်းတဲ့ သည်းထိတ်ရင်ဖို ကိစ္စရပ်ကြီးကို အစပျိုးမိကြတယ်၊ ထိုကိစ္စရပ်ကြီးက ဘယ်လိုကဘယ်လို စပြီး ဖြစ်နေတယ်၊ ဘယ်လိုတားဆီးနိုင်‌အောင်ကြိုးပမ်းရမယ်ဆိုတာ Choose or Die ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။