Movie Name
David Beckham Infamous (2022)
Year
2022
Generes
Biography, Documentary, Sport
Code
EN1086
Type
Movie
Size
850 MB
Country
Hollywood
Description
David Beckham: Infamous (2022) ======================== ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ​ဘောလုံးအားကစား ကို ချစ်မြတ်နိုးတဲ့သူ​တွေ​ရော၊ဘောလုံးအ​ကြောင်း ဘာဆိုဘာမှ မသိတဲ့လူ​တွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန် ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့ အ​အောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ အစပြုခဲ့ပြီးရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီး အသင်း​တွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား၆လုံ၊ အက်ဖ်​​အေဖလား၂လုံး လာလီဂါဖလား၁လုံး၊ ချန်ပီယံလိဂ်ဖလား ၁လုံးအပြင် ဆုဖလား​​ပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ ​အောင်မြင်မှုဟာ ​မေးခွန်းထုတ်စရာမရှိပါဘူး။ ဒါအပြင် ​ဗြိတိန်နာမည်​ကျော် Spice Girlsအဆို​တော်အဖွဲ့ဝင် ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီး​နောက် ​ဘက်ခမ်းဟာ ဘောလုံး သမားတစ်​ယောက်ရဲ့​အောင်မြင်မှုအပြင် celebrityတစ်ဦးရဲ့ ​အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှု​တွေပါ လုပ်လာခဲ့ပြီး ကမ္ဘာ ​ပေါ်မှာ မသိသူမရှိတဲ့ Sportman, Merchandising icon တစ်ဦးဖြစ်လာခဲ့သူပါ။ ဒီလို​အောင်မြင်မှု​တွေ ရရှိလာခြင်းနဲ့အတူ သူ​ပေးဆပ်လိုက်ရတဲ့ အရာ​တွေကို ဒီ documentaryထဲမှာ အတိအလင်း​ဖော်ပြထား ပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား၃လုံး​အောင်မြင်မှု မှာ အ​ရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂မှာ ကမ္ဘာ့ လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ သူ့ရဲ့imageကို ​​ဘောလုံးကစားတာထက် ပိုအ​လေး​ပေးတာ​လို့ နောက်ဆက်တွဲ​ဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲ​ ဇာတ်လမ်း​တွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး ထိပ်သီး​ဘောလုံးသမားဘဝမှ တဖြည်းဖြည်း​မှေးမှိန်သွားပုံကို မြင်​တွေ့ရမှာပါ၊ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ကျိန်စာလို့​ဆိုရမယ့် ကမ္ဘာ့ဖလား​၄ကြိမ်အပါအဝင် နိုင်ငံတကာဖလား​ အောင်မြင်မှု မရှိတဲ့ကိစ္စမှာ အသင်း​ခေါင်း​ဆောင်အ​နေနဲ့ အဓိကထိုးနှက်ခံရပုံ ​တွေကို Docu နာမည်နဲ့အညီ ပိုအသား​ပေး​ဖော်ပြထားပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ မန်ယူနိုက်တက်နဲ့အင်္ဂလန်ပရိတ်သတ်​​တွေကြားမှာ ဂန္တဝင်တစ်ဦး အဖြစ် အမြဲရှိသွားမှာဖြစ်သလို ​မော်ဒန်​​​ဘောလုံးသမား​​​တစ်ဦးရဲ့ ကစားသမားဘဝနဲ့ ကိုယ့်ရဲ့ပုံရိပ် ​အောင်မြင်မှုအချိုးကျ​​အောင် ဘယ်လိုလုပ်ပြရမလဲဆိုတာကို ​ရှေ့​ဆောင်လမ်းပြခဲ့သူလို့ ​ပြော ရင်လည်း မှားမယ်မထင်ပါဘူး။