Movie Name
La Belle (2000)
Year
2000
Generes
Drama
Code
KR0201
Type
Movie
Size
821 MB
Country
Korea
Description
La Belle (2000) ကျွန်တော်တို့ချင်းတွေ့ချိန်တွင် သူမသည် ခရမ်းရောင်ဒဏ်ရာတစ်ပွင့်ကို ပန်ဆင်ထားခဲ့၏။ အရာရာ အကောင်းတိုင်းဖြစ်စေဖို့ငှာလည်း ကျွန်တော့်အချစ်တို့က မစေ့ငနိုင်ခဲ့ပါပြီ။ လုံလောက်သော ချစ်ခြင်းတို့ရှိသည်မှအပ ကျွန်တော်သူမကို နားမလည်နိုင်ခဲ့ပါ။ သူမသည် ဖြေရှင်းရခက်သော အဝါရောင်ပဟေဠိလေးဖြစ်လိမ့်မည်။ ကျွန်တော့်အတွေ့ကမ္ဘာအသစ်တွင် သူမစိတ်တို့က ကမ္ဘာဟောင်းထံ ရစ်ဝဲနေကြ၏။ သူမ၏ မပြယ့်တပြယ် လူသင်းရနံ့တို့ထဲ တွင်းအဟောင်းတို့ မွှေးမြနေသေးသည် ထင်ပါသည်။ ကျွန်တော်ကတော့ ပင်လယ်အဟောင်းကိုမှ ခပ်သောက်ချင်နေတုန်းပင်။ ဒီလိုနဲ့… တင်းမာလုံး၀န်းသော ဣန္ဒြေတို့က ပကတိလင်းထင်းနေကြသည်။ ဖြုဝင်းနွဲ့ပျောင်းသော ခြေချောင်းများတွင် တစ်စုံတရာသော ရနံ့မရှိထင်ရ၏။ ဒီတာရိုးလွန်လျှင် နှင်းဆီပွင့်ဖတ်များ ဆီးနှင်းဝေတော့မည်။ နှင်းဆီအပွင့် ဖူးတံဝင့်တွင် နီရဲပြင်းရှသော အသံတို့ လွင့်နေကြပြီ။ သူမမျက်နှာတွင်ဘာကိုမှ မမြင်ခဲ့ရပါ။ ကွေ့ကောက်ဖွေးလျသော အသရေတစ်သန်းတို့ လှစ်ဟလှပနေကြသည်။ အပြာရောင်မြည်သံတို့ အနီရောင်သဏ္ဍာန်တို့နောက်တွင် လောကသည် အရှိမဲ့….. ကိုရီးယားကားပရိသတ်တွေနဲ့မစိမ်းတဲ့ အိုဂျီဟိုနဲ့ သဘာဝမကျနေတာ ဘယ်နေရာမှ မရှိဘဲ ပုံမှန်အတိုင်းလှပနေတဲ့ မင်းသမီးအီဂျီဟွန်း က သရုပ်ဆောင်ထားပါတယ်။ သတိချပ်စေချင်တာကတော့ မင်းသမီးဟာ တော်တော်မနှမြောတတ်တဲ့မင်းသမီးပါပဲ။