Movie Name
Alien Sniperess (2022)
Year
2022
Generes
Action, Fantasy, Sci-Fi
Code
EN1095
Type
Movie
Size
1.01 GB
Country
Hollywood
Description
Alien Sniperess (2022) နာမည်ကတော့ဂျွတ်ဆင်ဗျ။ ဂြိုဟ်သားကားလိုလိုဘာလိုလို။ တကယ်လည်းဂြိုဟ်သားကားဟုတ်ပါတယ်။ ဂြိုဟ်သားတစ်ကောင်မှမပါတာလေးကလွဲရင်ပေါ့။ ဂြိုဟ်သားမပါတဲ့ဂြိုဟ်သားကားဆိုပေမယ့်လည်းဇာတ်လမ်းကတော့ ရှယ်မိုက်ပါတယ်။ နေထူးနိုင်ကားတွေလောက်ကိုမိုက်တာပါ။ အရမ်းကြည့်ချင်သွားပြီမလား။ ဇာတ်လမ်းအကျဥ်းကတော့ တစ်ညမှာကမ္ဘာပေါ်ကိုဥက္ကာပျံတွေကြယ်ကြွေသလိုကြွေရင်းအဲဒီဥက္ကာပျံအပိုင်းအစတွေထဲမှာ လူတွေဆီဝင်ပူးပြီး သတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်လာအောင်လှုံ့ဆော်တဲ့ Virus တစ်မျိုးပါလာပါတယ်။ အဲဒီ ဂြိုဟ်သား Virus ကိုသတ်နိုင်တာကတော့ 5G ထက်မြန်တဲ့ KG ဖုန်းလိုင်းပါတဲ့ခင်ဗျာ။ နီကိုးလပ်စ်ကေ့ချ်ရိုက်တဲ့ပေါကားတွေတောင်ဒီလောက်မပေါနိုင်တော့ပါဘူး။ မကောင်းတာတွေခဏထားပြီး ကောင်းကွက်လေးတွေပြောရရင်တော့ ဗီလိန်တွေကြမ်းလို့ဇာတ်အရမ်းနာပြီးလောင်နေရတာမကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ Adventure လည်းဆန်တာမျိုးကိုကြိုက်တတ်တဲ့သူတွေဆိုရင် အားလပ်ရက်မှာအပျင်းပြေကြည့်ဖို့တော့အဆင်ပြေပါတယ်။ ခုနကပြောခဲ့တဲ့အညွှန်းကလည်းအကုန်မဟုတ်ပဲအပေါ်ယံပဲပြောပြထားတာမို့ ကိုယ်တိုင်ကြည့်ရှုရမယ့် plot တွေအများကြီးကျန်ပါသေးတယ်။ ကျွန်တော့်အမြင်မှာပေါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အမြင်မတူနိုင်တာကြောင့် ကိုယ်တိုင်လည်းကြည့်ရှုပေးကြပါဦး။