Movie Name
Power Book IV Force (2022)
Year
2022
Generes
Crime, Drama
Code
SE0218
Type
Series
Size
3.69 GB
Country
Hollywood
Description
1-10 Completed Drug dealer​တွေ Gangs​တွေနဲ့ ပတ်သတ်တဲ့ ရုပ်ရှင်၊ စီးရီးတိုင်း မ​ပေါက်​မြောက်တာ ရှားသလို Audience​တွေ အကြိုက်မ​တွေ့တဲ့ ဇာတ်ကားဆိုတာခပ်ရှားရှားပါ။ အခုတစ်​ခေါက်လည်း IMDb 8.3 Rotten Tomatoes 100%အပြည့်နဲ့ အမိုက်စား Drugs Crime Seriesတစ်ခုကို တင်ဆက်​ပေးလိုက်ပါပြီ၊ Power Book IV : Forceက Starzရဲ့ original seriesဖြစ်ပြီး နာမည်ကြီးစာအုပ်တွဲဖြစ်တဲ့ Powerရဲ့ Sequel series​တွေထဲက တစ်ခုပါ။ Drugs Gangs​တွေအသား​ပေးထားတဲ့ series ဖြစ်ပြီး TV-MA ဖြစ်တာ​ကြောင့် အပစ်အခတ် အသတ်အဖြတ်​တွေ၊ Bed Scene​​တွေများစွာပါသလို အ​ပြောအဆို​​တွေလည်း ​​​​ရေလည်ကြမ်း ပါတယ်။ Total Episodes 10ပိုင်းပါဝင်မှာပါ။ ဇာတ်လိုက်ဖြစ်သူ Tommy Eganဟာ နယူး​ယောက် Drug gang ​လောကတိုက်ပွဲမှာ သူငယ်ချင်းဖြစ်သူ Ghostကို ဆုံးရှုံးလိုက်ရပြီး Chicagoမြို့ကို ​ပြောင်းကာ Drug​လောကထဲ ပြန်ဝင်ဖို့ ကြိုးစားခဲ့ ပါတယ်။ Chicagoမြို့မှာလည်း CBI အဖွဲ့နဲ့ Flynn Family တို့က မြို့​တောင်နဲ့​မြောက်အဖြစ် နယ်​မြေပိုင်းကာ တစ်စင်​ထောင်လျက် ရှိ​နေသလို ဆားဘီးယား၊ ဂျ​မေကာနဲ့ အိုင်းရစ်ရှ်​တွေကလည်း အဖွဲ့ ငယ်ကိုယ်စီနဲ့ ​ခြေချင်းလိမ်​နေတာ​ကြောင့် Tommyအ​နေနဲ့ဒီမြို့မှာ ဝင်ဆန့်ဖို့မလွယ်ဘဲ ဖြစ်​နေပါတယ်။ ဒါ​​ပေမဲ့ ငယ်စဉ်ကတည်းက Drug​လောကထဲ ကြီးပြင်းလာသူမလို့ အရင်ဆုံး surviveဖြစ်နိုင်​​ရေးအတွက် မြို့ရဲ့အင်အားအကြီးဆုံး CBIနဲ့ Flynnအဖွဲ့​တွေကို ​ပြေးကပ်ပါတယ်။ Chicago drug ​လောကမှာ ကိုယ့်အပိုင်းမှာ ကိုယ့်ရဲ့ productပဲ ကိုယ်​ရောင်းပြီး တခြားအဖွဲ့နဲ့မပတ်သတ်တဲ့ ထုံးစံတစ်ခုရှိပါတယ်။ ဇာတ်လိုက်​ကြီး Flynnက​တော့ နယ်ခံမဟုတ်ဘူးဆိုတဲ့ reasonနဲ့ မြို့ထုံးစံ​တွေ ​ပြောင်​ပြောင်တင်းတင်းချိုး​ဖောက်တယ်။ အင်အား ​တောင့်တဲ့ ၂ဖွဲ့ကို ရင်ကြား​စေ့​ပေးသလို အ​ယောင်ပြရင်း ကိုယ်ပိုင် အင်အား​တောင့်လာ​အောင်၊ တစ်စင်​ထောင်နိုင်​အောင်၊ Chicago ကို သူတစ်ဦးတည်းမင်းမူနိုင်​အောင် ကြိတ်ကြံပါ​တော့တယ်။ သူ့ရဲ့ အကြံ​ အောင်မ​အောင်ကို​တော့ ဒီကြမ်း​​ပေ့ရမ်း​ပေ့ဆိုတဲ့ Seriesနဲ့ ကိုယ်တိုင်အ​ဖြေရှာကြည့်လိုက်ပါ။