Movie Name
Cherry Magic (2020)
Year
2020
Generes
Romance
Code
SJP0023
Type
Series
Size
4.06 GB
Country
Japan
Description
ဂျပန်မှာ ယုံတမ်းစကားတစ်ခု ရှိပါတယ်။ အသက် ၃၀ ပြည့်တဲ့အထိ လူပျိုစစ်စစ် ဖြစ်နေသေးတယ်ဆိုရင် အသက် ၃၀ ပြည့်တဲ့နေ့မှာ စုန်းထီး ဖြစ်သွားလိမ့်မယ် ဆိုတာပါပဲ။ အသက် ၃၀ ပြည့်တဲ့အထိ ယင်ဖိုရော ယင်မပါ မသမ်းဖူးသေးတဲ့ အာဒါချီ တစ်ယောက် ၃၀ ပြည့် ယုံတမ်းစကား တစ်ခုအတိုင်း ဖြစ်လာတဲ့အခါမှာတော့ ….. အာဒါချီက လူတွေရဲ့စိတ်ကို ဖတ်နိုင်လာပါတော့တယ်။ လူတိုင်းရဲ့စိတ်ကို ဖတ်နိုင်တဲ့အချိန်မှာ သူ လေးစားအားကျရတဲ့ ကူရိုဆာဝါ ရဲ့ ရင်ခုန်နေသူကို သိလိုက်ရတဲ့အချိန်မှာတော့ သူ မယုံနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ ကူရိုဆာဝါ ကြွေနေတဲ့သူဟာ အာဒါချီ ပဲ ဖြစ်နေလို့ပါပဲ ကဲ ….. ဇာတ်လမ်း ဘာဖြစ်မလဲ ဆက်ကြည့်ကြရအောင်ပါ။ မင်းသားနှစ်ယောက်ကလည်း ဓာတုဗေဒမိလွန်းလို့ ဂျပန် BL Drama လောကမှာ ဟိုးဟိုးကျော်သွားခဲ့ရတဲ့ ဇာတ်ကားပါ။ ကူရိုဆာဝါ အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Machida Keita ကိုတော့ Alice in Borderland ထဲက ခါရူဘီ အနေနဲ့ တော်တော်များများ မှတ်မိကြမှာပါ အခုဆိုရင် ဒီဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ရိုက်ကူးနေပြီ ဖြစ်လို့ ဧပြီလဆိုရင် ရုံတင်တော့မယ်လို့ သတင်းထွက်နေပြီပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ပိုင်း တိတိ ပါဝင်မှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Tomeo ပဲ ဖြစ်ပါတယ်။