-
Movie Name
-
Kuthiraivaal (2022)
-
Year
-
2022
-
Generes
-
Biography, Drama
-
Code
-
IND0348
-
Type
-
Movie
-
Size
-
891 MB
-
Country
-
Bollywood
-
Description
-
Kuthiraivaal (2022)
လူတိုင်းက အိပ်မက်တွေမက်ဖူးကြတယ်မလား မက်နေတဲ့
အိပ်မက်ထဲကအတိုင်းလက်တွေ့ဘဝမှာဖြစ်ပေါ်လာမယ်ဆိုရင်တော့
ကမ္ဘာကြီးကရူးကြောင်ကြောင်နိုင်သွားမှာပါ ဒါပေမယ့်ဒီကားထဲမှာဆိုရင်တော့
အိပ်မက်ကနိုးလာတဲ့ ဖရိုက်ဒ်တစ်ယောက် ထူးဆန်းစွာပဲအမြီးပေါက်လာခဲ့တာပါ
အိပ်မက်လည်းသာမန်မဟုတ်ပါဘူး ကောင်းကင်ဝယ် နေနဲ့လတစ်ပြိုင်တည်းထွက်ပေါ်နေတဲ့
နေရာတစ်ခုမှာ လှပတဲ့မြင်းက ခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီမြင်းမှာအမြီးရှိမနေခဲ့ပါဘူး
ဒီလိုနဲ့မြင်းနားမှာရပ်နေတဲ့ကောင်မလေးကို အမြီးဘယ်ရောက်သွားလဲမေးတော့
ကောင်မလေးကခရမ်းချဉ်သီးနဲ့ပြန်ပေါက်ခဲ့ရာက ရုတ်တရက်အိပ်မက်ကလန့်နိုးသွားခဲ့ပါတယ်
နိုးလာလာချင်း ကုတင်ပေါ်ကပြုတ်ကျခဲ့ပါတယ် အကြောင်းကတော့သူ့ကိုယ်ပေါ်မှ
ာမြင်းအမြီးတစ်ခုပေါက်လာခဲ့လို့ပါပဲ ဒီလိုနဲ့ ဒီအမြီးဖြစ်ပေါ်လာပုံကို
ဟူးရား၊နက္ခတ်ဗေဒင်ဆရာ၊ သင်္ချာဆရာတွေဆီလှည့်ပတ်သွားရင်း
အကြံဉာဏ်တောင်းခဲ့ပါတယ် တစ်ယောက်ချင်းစီကမတူညီတဲ့
အကြံဉာဏ်တွေပေးရင်းဖရိုက်ဒ်တစ်ယောက်လမ်းပျောက်နေခဲ့ပါတယ်
ထူးဆန်းစွာနဲ့ဒီအမြီးကိုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ကြောင်းသိရှိသွားခဲ့ပြီး
သူ့ရဲ့အိပ်မက်ခရီးရှည်ကြီးကို ခရီးစထွက်ခဲ့ရာကဘယ်လိုထူးဆန်းထွေလာတွေတွေ့မလဲ
အမြီးပေါ်လာတဲ့အကြောင်းအရင်းကိုရောရှာတွေ့သွားမှာလား အမြီးကရောပျောက်သွားနိုင်မှာလား
IMDb 6.8ရရှိထားပြီး Netflix ကထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်
တွေးစရာတွေတစ်လှေကြီးနဲ့ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်ရှုနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်