-
Movie Name
-
I Wanna See You Again (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
SC0513
-
Type
-
Series
-
Size
-
2.15 GB
-
Country
-
China
-
Description
-
1-12 Completed
ကဲ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့
See you Tomorrow ဆိုတဲ့ပေါ့ပေါ့ပါးပါး
လူငယ်အချစ် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
Casts တွေကတော့ မျက်နှာသစ်လေးတွေပါ
ဆေးဝါးပညာရှင် Jiang Kan အဖြစ် Zhang Kangle
ဇာတ်ညွှန်းဒါရိုက်တာမလေး Ding Liaoliao အဖြစ်
Zhang Chuhan တိုက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့…
Ding Liaoliao ဟာ စီနီယာအစ်မ Lian Geyao ကိုအားကျတာကြောင့်
ဂျာနယ်လစ်ဆင် မေဂျာကို ယူခဲ့ပြီး ဘွဲရပြီးနောက်ပိုင်းမှာတော့
Jian Xia တီဗီချန်နယ်မှာ ဇာတ်ညွှန်းဒါရိုက်တာ ဖြစ်လာခဲ့ပါတော့တယ်
Ding Liaoliao ဟာ ပွင့်ပွင့်လင်းလင်းပျော်ပျော်ရွှင်ရွှင်
နေတတ်သူဖြစ်ပါတယ် ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့်
အေးစက်စက်နေတတ်ပြီး စည်းကမ်းတင်းကြပ်တဲ့
ဆေးဝါးပါရဂူ Jiang Kan နဲ့ တစ်အိမ်ထဲအတူနေဖို ဖြစ်လာပါတော့တယ်
အကျင့်စရိုက်က မိုးနဲ့မြေလိုဖြစ်နေကြတဲ့သူတိုနှစ်ယောက်အတူနေမှတော့
အမြဲလိုလိုရန်ဖြစ်နေကြတာပေါ့ အဲ့လိုကနေ အတူနေလာရင်းနဲ့ပဲ
အချင်းချင်း နားလည်လာကြတဲ့အခါမှာတော့ ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်
သူတိုနဲ့အတူ တစ်အိမ်ထဲ အတူနေကြတဲ့ Ding Liaoliaoရဲ့ မောင်လေးDing Man နဲ့
သူအားကျရတဲ့ စီနီယာအစ်မ Lian Geyao တိုကလည်း
အချင်းချင်းနှလုံးသားချင်းနီးစပ်လိုလာပြီး ခံစားချက်တွေပေါက်ဖွားလာခဲ့ပါတယ်
ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးလေးဖြစ်တာကြောင့်
အပန်းပြေကြည့်ချင်သူတွေကတော့ မကြာခင်မှာ
CM ကနေ တင်ဆက်ပေးမယ့် See You Tomorrowဆိုတဲ့ကားလေးကို
ကြည့်ရှုအားပေးလိုရပါတယ်နော်