Movie Name
Bridgerton (S1,S2) (2020)
Year
2020
Generes
Adults, Drama, Romance
Code
SE0169
Type
Series
Size
8.75 GB
Country
Hollywood
Description
1-16 COMPLETE ၁၈၀၀ ခုနှစ်များဆီက အင်္ဂလန်ပြည်ရဲ့ ကြေးရတတ် အထက်တန်းလွှာများကြားမှာ မယ်မယ်ရရ အပျင်းဖြေစရာ လုပ်စရာရယ်ဆိုလို့ အတင်းအဖျင်း ပြောကြတာ သမီးတွေ လင်ကောင်းသားကောင်းရဖို့ စပ်ကြ ဟပ်ကြတာတွေပဲ ရှိပါတယ် ဒီထဲမှာမှ အထူးသဖြင့် မုဆိုးမ လေဒီဘရစ်ဂျာတန် နဲ့ မျက်နှာချင်းဆိုင် ဖယ်သရင်တန်တော် အိမ်တော်က မျက်နှာပေါက်ဆိုးဆိုး သမီးတွေပိုင်ဆိုင်တဲ့ လေဒီဖယ်သရင်တန်တို့ကတော့ လန်ဒန်မြို့ရဲ့ အသုံးတော်ခံပါ ဒီထဲမှာ အပျော်အပါး အလွန်နှစ်ခြိုက်တော်မူတဲ့ အပျင်းဖြေရအောင် အမြဲ ပါတီပေး ပွဲခံနေတတ်တဲ့ ဘုရင်မကြီး ချားလော့ကတော့ ဒီဇာတ်လမ်းရဲ့ မပါမဖြစ် ဇာတ်ကောင်ပါ အတင်းအဖျင်းသတင်းတွေ လှိုင်လှိုင်လွှမ်းခြုံထားတဲ့ လန်ဒန်မြို့တော်ကြီးမှာ နောက်ထပ် မပါမဖြစ်ကတော့ လန်ဒန်တစ်မြို့လုံး အပ်ကျတာကအစ သိတဲ့ လျှို့ဝှက်ချက်ပေါင်းစုံတို့ရဲ့ ကဝေ စာရေးဆရာမကြီး လေဒီဝှစ်ဆယ်ဒေါင်းပါပဲ ဒီဇာတ်လမ်းမှာ အရေးကြီးဆုံး အလှည့်အပြောင်းမျိုးစုံနဲ့ ရိုးမန့်စ်ခင်းကြမယ့် စုံတွဲကတော့ မကြာသေးခင်ကမှ အမွေဆက်ခံလာတဲ့ ပူပူနွေးနွေး နယ်စားလေး ဆိုင်မွန်နဲ့ ဘရစ်ဂျာတန် အိမ်တော်က သမီးကြီး ဒက်ဖ်နီ ၊ နောက်ထပ် ဒေါသကြီးတဲ့ အစ်ကိုကြီး အန်သိုနီနဲ့ သူ့အောက်မှ ဘုစုခရု ဘရစ်ဂျာတန်လေးတွေပါ။ ဒီဇာတ်လမ်းဟာ imdb 7.3 နဲ့ ပူပူနွေးနွေး ခရစ်စမတ်နေ့ကမှ season 2 ထွက်မယ်ဆိုပြီး မထွက်လို့ ပရိသတ်တွေကြား ပွက်လောရိုက်ကုန်သေးတယ် မတ် ၂၂ တော့ သေချာပေါက် ထွက်မှာပါတဲ့ ဆိုတော့ လောလောဆယ် အသားအရောင်အရရော ဇာတ်လမ်းဇာတ်ကွက်အရရော ထူးခြားပြီး ရိုဆန်တဲ့ ၁၉ရာစုအစ ဇာတ်လမ်းတည်း အပိုင်းရှစ်ပိုင်းပါ ဇာတ်လမ်းတွဲလေးကို ခံစားရင်း နှစ်သစ်ကူးကို ဖြတ်သန်းကြရအောင်