-
Movie Name
-
Victorious (S1 To S4) (2010-2013)
-
Year
-
2010
-
Generes
-
Comedy, Drama, Family
-
Code
-
SE0181
-
Type
-
Series
-
Size
-
26.5 GB
-
Country
-
Hollywood
-
Description
-
S1(1-20), S2(1-13), S3(1-12) ,S4(1-13)Completed
IMDb – 6.9/10
၂၀၁၀ ခုနှစ်များဆီက Series ကောင်းလေးတစ်ခုကို ပြောပါဆိုရင် Victorious ကရှေ့ဆုံးကပါလိမ့်မယ်ဗျ။ တော်တော့်ကိုလည်း အောင်မြင်ခဲ့တဲ့ Series ပဲဆိုပါတော့ဗျာ။ အမျိုးအစားက teen sitcom ဆိုတဲ့အတိုင်း ခွီရသလားကတော့ မပြောနဲ့ဗျာ။
Sitcom ဆိုတာက Situational Comedy ကဆင်းသက်လာတဲ့ Portmanteaus လေးတစ်လုံးဗျာ။ ပြောရမယ်ဆိုရင် တစ်ခန်းရပ်ဟာသ၊ ဘယ်ချိန် ဘယ်နေရာ ကောက်ကြည့်ကြည့် ရယ်နေရမယ့်ဟာသမျိုးတွေပေါ့။ ကလိထိုးရယ်ခိုင်းမယ့် ဟာသမျိုးတွေမဟုတ်တာတော့ သေချာတယ်ဗျ။ ပေါလည်းပေါမနေဘူးရယ်။ အဲနေ့ခေတ်အခါရဲ့ comedy စီးရီးကောင်းကောင်းလေးကြည့်ချင်ရင် လက်လွတ်မခံသင့်တဲ့ စီးရီးလေးပဲဆိုပါတော့။
အပိုင်းတစ်ပိုင်းချင်းစီတိုင်းရဲ့ IMDb တွေက 7.9 တွေ 8.1 တွေပြေးထားတာမို့ တော်တော်ကြည့်ရတာအရသာရှိတဲ့ series လေးတစ်ခုဆိုလည်း ဒီစီးရီးလေးကိုပဲပြောရပါလိမ့်မယ်။ အပိုင်းတစ်ပိုင်းချင်းစီကို ဇာတ်ကြောင်းတစ်ခုစီဆိုပေမဲ့ ဒီတစ်ပိုင်း ဒါနဲ့ခွီပြီး နောက်တစ်ပိုင်းဘာနဲ့ထပ်ခွီရမလဲကို မျှော်တလင့်လင့်နဲ့စောင့်စားကြည့်ရှုရမယ့် စီးရီးကောင်းလေးပဲဖြစ်ပါတယ်။
အဓိကဇာတ်ကောင်တွေအနေနဲ့ တိုရီဗီဂါ၊ ဂျိတ်ဝက်စ်၊ ကတ်ဗန်လတိုင်း၊ ထရီနာဗီဂါ၊ ဘက်ခ်အိုလီဗာ၊ အန်ဒရီဟာရစ်တို့ဖြစ်ကြပြီး ဒီ ဆယ်ကျော်သက် သူငယ်ချင်းအုပ်စုလေးရဲ့ တစ်နေ့တာအလွဲလေးများကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကတ်ဗန်လတိုင်းဆိုတဲ့သူနေရာမှာ သရုပ်ဆောင်ထားတဲ့သူက တစ်ခြားသူမဟုတ်ဘူးဗျ။ ကျွန်တော်တို့ရဲ့ အကောင်သေးသေးနဲ့ အသံအားကောင်းတဲ့နာမည်ကျော်အဆိုတော် Ariana Grande ပဲဖြစ်ပါတယ်။ ဒီစီးရီးအသားကုန်အပင်ပန်းခံပြီး ရိုက်ခဲ့ရလို့ သူ့ဆံပင်တွေပျက်စီးခဲ့ရတဲ့ထိကို ဖြစ်ခဲ့ရတဲ့ ဟာသစီးရီးကောင်းလေးပါ။ ဒါကြောင့် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Victorious ဆိုတဲ့ sitcom လေးကိုလည်း သောင်းသောင်းဖြဖြ ရှူစားအားပေးလှည့်ပါဦးခင်ဗျ။