Movie Name
Bahay Na Pula (2022)
Year
2022
Generes
Horror
Code
PH0012
Type
Movie
Size
749 MB
Country
Philippines
Description
Bahay Na Pula (2022) Bahay na Pula သို့မဟုတ် အိမ်နီကြီး ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာစစ်တပ် ဖိလစ်ပိုင်နိုင်ငံကို ကျူးကျော်စဥ် အစုလိုက်အပြုံလိုက် လူသတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့နေရာပါ။ ဂျပန်စစ်တပ်ဟာ နီးစပ်ရာက ယောကျ်ားမှန်သမျှ ကောင်လေးတွေပါမချန် သတ်ဖြတ်ခဲ့ပြီး မိန်းကလေးပေါင်း ၁၀၀ ကျော်ကို လိင်ကျွန်အဖြစ် အိမ်အနီထဲမှာ ချုပ်နှောင်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ပါတယ်။ ဒါကတော့ အပြင်က သမိုင်းကြောင်းပါ။ ဒီဇာတ်လမ်းဟာလည်း အဲအိမ်နီကို အခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။ ရက်ဖီနဲ့ ဂျိမ်းဆိုတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင် အိမ်ကိုရောင်းချပြီး ဖြိုချနိုင်ဖို့ ထိုအိမ်ဆီကို ရောက်လာကြပါတယ်။ အဆိုပါအိမ်ကို အစ်ဆင်းဆိုတဲ့ မိန်းမကြီးတစ်ယောက်က စောင့်ရှောက်ပေး နေတာပါ။ အိမ်ကို ရောက်လာပြီး လင်မယားနှစ်ယောက်ကြား မပြေလည်မှုတွေဖြစ်လာပါတော့တယ်။ ထိုအိမ်ကို ရောင်းချဖို့လုပ်ထားပေမယ့် အစိုးရကတော့ သမိုင်းဝင်နေရာဖြစ်တာကြောင့် ဖြိုချခွင့်မပြုနိုင်ဘူးဆိုပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ အဲဒါကြောင့် ဂျိမ်း တစ်ယောက် အိမ်ကိုရောင်းချနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း ရက်ဖီ ဟာလည်း ငွေရေးကြေးရေး ပြဿနာကြောင့် အမှုအခင်း ရင်ဆိုင်နေရပါတော့တယ်။ အိမ်ကို ရောင်းချပြီး ဖြိုဖျက်နိုင်ဖို့ ကူညီပေးတဲ့ အင်ဂျင်နီယာ ဟာလည်း လုပ်ငန်းခွင်မှာ မတော်တဆမှုနဲ့ သေဆုံးသွားပြီးနောက် လင်မယားနှစ်ယောက်လုံး အထူးအဆန်းတွေ ကြုံတွေ့ရပါတော့တယ်။ Jump Scare များမပါဘဲ ကြည့်ရင်းတွေးရင်းနဲ့ တစိမ့်စိမ့်ကြောက်စေမယ့် Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်