-
Movie Name
-
Frist Love Again (အချစ်ဦးရှာပုံတော်) (2021)
-
Year
-
2021
-
Generes
-
Fantasy, Romance
-
Code
-
SC0514
-
Type
-
Series
-
Size
-
7.24 GB
-
Country
-
China
-
Description
-
1-24 complete
Roတာလေးတွေမှ😘 ကြိုက်ပါတယ်ဆိုတဲ့ faတွေအတွက် စောင်ကိုက်ကြည့်ကြ😂
အချစ်ဦးဆိုတဲ့ စကားလုံးသုံးလုံးကို ကြားလိုက်ရင်
လူတိုင်းစိတ်ထဲမှာ တစ်ခုခုတော့ပေါ်လာကြမယ်ထင်ပါတယ် တချို့ကပြောကြတယ် အချစ်ဦးကို မြေးရတဲ့အထိမမေ့ဘူးတဲ့
တချို့ကျတော့ ငယ်ကချစ်အနှစ်တစ်ရာတဲ့
Soul fanလေးတွေထဲမှာ အချစ်ဦးကို ကြုံဖူးတဲ့သူတွေရှိမယ် မကြုံရသေးတဲ့သူတွေရှိမယ်
ဒီတစ်ခါ ပုံမှန်အချစ်ဦးဇာတ်လမ်းလေးတွေနဲ့ကွဲထွက်တဲ့ အချစ်ဦးရှာပုံတော် (first love again)ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်
🎬 ဇာတ်လမ်းလေးကတော့
ဇာတ်ကားနာမည်လေးအတိုင်း အချစ်ဦးကို တစ်ဖန်ပြန်ရှာဖွေမှာဖြစ်ပါတယ်
❣တစ်ဘီလီယံမှာ တစ်ယောက်လောက်သာကြုံတွေနိုင်ချေရှိတဲ့တွေ့ဆုံမှုလေးတစ်ခု
👱သွေးအေးပြီးချဉ်းကပ်ရခက်တဲ့ ထိပ်တန်းကျောင်းသားရဲယုံနင်း
👱♀️ ပျော်ပျော်နေတတ်တဲ့ ကံဆိုးမလေးရှဝမ်ရှီး
မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကြောင့်
လက်ရှိအချိန်က ရဲယုံနင်းက၂၀၀၆ခုနှစ်က
အချစ်ဦးရှဝမ်ရှီးနဲ့ ပြန်လည်တွေ့ဆုံလိုက်ရသောအခါ
သူတို့ရဲ့တွေ့ဆုံမှုကနေ အထက်တန်းကျောင်းသားဘဝကို ပြန်လည်ခံစားခွင့်ရသွားပါတယ်
မတူညီတဲ့အချိန်နဲ့နေရာတွေမှာ
ဘဝရဲ့အရေးကြီးဆုံးအတွေ့အကြုံတစ်ခုဖြစ်တဲ့
အချစ်ဦးဆိုတဲ့အနှစ်အရသာကို ပြန်လည်ခံစားရပြီး
ချိုမြိန်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်
ပေါက်ဖွားလာပါဦးမလား
ဘယ်လိုကြောင့် အတိတ်ကအချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရတာလဲ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းအရာတွေ ရှိနေမလဲဆိုတာကိုတော့
အချစ်ဦးရှာပုံတော် ဇာတ်လမ်းလေးမှာစောင့်ကြည့်ပေးကြပါ
ဒီဇာတ်လမ်းလေးတွင် ရဲယုံနင်းအဖြစ် Patrick Shihနဲ့
ရှဝမ်ရှီးအဖြစ် Amy Chenတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်