-
Movie Name
-
This Boy's Life (1993)
-
Year
-
1993
-
Generes
-
Biography, Drama
-
Code
-
EN1106
-
Type
-
Movie
-
Size
-
667 MB
-
Country
-
Hollywood
-
Description
-
This Boy’s Life (1993)
~ IMDb – 7.3/10, Rotten Tomatoes – 76% ~
မျှော်လင့်ခြင်း ရွှေအတောင်ပံတွေ ဒဏ်ရာဗရပွနဲ့ မပျံနိုင်တော့တဲ့အခါ ပုန်ကန်စိတ်တွေ၊ မိုက်ရူးရဲခြင်းတွေနဲ့ ရွှေအတောင်ပံ တဖျတ်ဖျတ်ခတ်ခဲ့ဖူးကြတဲ့ လူငယ်ဘ၀တွေကို ပြန်မက်မောမိခဲ့ကြတာပေါ့။ လူငယ်ဘ၀တွေမှာတော့ ဒဏ်ရာတွေ ဘယ်လောက်ပဲများခဲ့ကြပါစေ အနာဂတ်ဆီ မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ပြီး ရွှေအတောင်ပံတွေ တဖျတ်ဖျတ်ခတ်နိုင်ခဲ့ကြတာပဲမလား။ ဒီရုပ်ရှင်ဟာ ပျိုမျစ်ခဲ့တဲ့တစ်ချိန်တစ်ခါဆီကို မျှော်ရည်ရင်း အားလုံးရဲ့ ရွှေအတောင်ပံတွေက ဒဏ်ရာတွေကို ပြန်ကောင်းလာဖို့ အထောက်အကူဖြစ်စေမယ့် ရုပ်ရှင်ပါပဲ။
ဇာတ်လမ်းကတော့ လူငယ်လေးတစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်တွေ၊ မပြေမလည်မိသားစုထဲ ရခဲ့ဖူးတဲ့ ဒဏ်ရာတွေအကြောင်း၊ သူ့အိပ်မက်ကို သူမက်ခဲ့တဲ့အကြောင်းတွေပေါ့။ စာရေးဆရာရဲ့ငယ်ဘ၀မှတ်တမ်းကိုရေးထားတာကနေ ပြန်ရိုက်ထားတဲ့ကားဆိုတော့ လက်တွေ့ကျကျပါပဲ။
မင်းသားတွေက ရောဘတ်ဒီနဲရိုးနဲ့ လီယိုနာဒိုပါ။ လီယိုနာဒိုဟာ ကလေးဘ၀ကတည်းက ပြောင်မြောက်ခဲ့တာကို သက်သေပြနေမယ့် ရုပ်ရှင်ဖြစ်သလို သူ့ပထွေးအဖြစ်သရုပ်ဆောင်တဲ့ ဒီနဲရိုးဟာ လူဆိုးဇာတ်ရုပ်မှာလည်း မညံ့တာ မြင်ရမှာပါ။ တိုဘီမက်ဂွိုင်းယားလည်းပါသလို သူနဲ့ လီယိုနာဒိုတို့ သူငယ်ချင်းစဖြစ်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒီမှာ သူတို့ဦးဆုံးစတွေ့ခဲ့ကြတာပါ။ မကြာခင် ဒီနဲရိုးနဲ့ လီယိုတို့ စကောဆေးစိကားအသစ်မှာ ထပ်ဆုံကြဦးမှာဆိုတော့ အဲဒီကားကို မျှော်ရင်း သူတို့ပထမဆုံးတွဲရိုက်ခဲ့တဲ့ ဒီကားမှာ သူတို့ ဘယ်လောက်အချိတ်အဆက် အစပ်အဟပ်တည့်အောင် တွဲဖက်သရုပ်ဆောင်နိုင်ခဲ့လဲဆိုတာ ကြည့်ဖူးထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ Rating ကောင်းကောင်းရထားတဲ့ Coming of Age ကားကောင်းလည်းဟုတ်ပါတယ်။
ကျွန်တော်တို့ငယ်ဘ၀တွေမှာ ပျော်စရာတွေရော၊ နာကျင်စရာတွေရော၊ ပုန်ကန်ချင်စိတ်တွေရော ရှိခဲ့ကြတာပဲမို့ တိုက်ဆိုင်စေမယ့် ရုပ်ရှင်ပါ။ အကြောင်းသင့်ရင်တော့ ခင်ဗျားရဲ့ ရွှေအတောင်ပံက ဒဏ်ရာတွေ ပြန်ကောင်းစေမယ့် ရုပ်ရှင်ပေါ့။