Movie Name
ပြင်းရှရှပရိယာယ် (Wihok Lhong Lom) (2018)
Year
2018
Generes
Drama, Romance
Code
ST0584
Type
Series
Size
11.8 GB
Country
Thai
Description
1-15 Completed Cast ဖွန်ဝါရီ ဖန်းဖိရုန်း(ဖု(င်))/ နူဝမ် အဖြစ် - Sammy Cowell ဖက်ဒီနွတ်ဖဒွန်းအဖြစ် Kelly Rattapong tanapat ဖက်စကွန်အဖြစ် kitkong Kamkrith ဇာတ်လမ်းအကျဉ်း အင်မတန်ချမ်းသာတဲ့ သူဌေးတစ်ဦးရဲ့သမီးဖြစ်သူ ဖွန်ဝါရီ ဖန်းဖိရုန်း ခေါ် ဖု(င်)(Sammy)….. မိတစ်ဆိုး၊ ဖခင်ဂရုစိုက်မှုကို ငတ်မွတ်နေသောသူတစ်ဦးပီပီ အရာတိုင်းအပေါ်ကို မောက်မာစွာ ဆက်ဆံပြီး တဇွတ်ထိုးဆန်သောသူတစ်ဦးပါ သူမမှာ ချစ်ရသူ ဖက်စကွန်(kitkong)ဆိုသူရှိပါတယ်။ ထိုသူဟာ မင်းဆွေမင်းမျိုးဖြစ်သော်လည်း ဖခင်ဖြစ်သူလောင်းကစားမက်မှုကြောင့် နန်းဆောင်မှ မောင်းထုတ်ခံရခြင်းခံထားရပါတယ် ဖက်စကွန်( kitkong)ဖခင်မှာ လောင်းကစားရုံမှ ချမ်းသာသောအခါပျောက်သွားပြီ အကြွေးတင်သောအခါ သားဖြစ်သူသာဆပ်ရတဲ့အပြင် မနာမကျန်းညီလေးကိုပါ ပြုစုနေရသူပါ။ ဖု(င်)(Sammy)ဟာ မိမိပိုင်ဆိုင်သော ရွှေငွေတွေထုခွဲရောင်းချပြီး ဖက်စကွန်ကို အမြဲထောက်ပံ့ပေးပါတယ် ထိုသို့ထောက်ပံ့ပေးမှုကို ဖု(င်)(Sammy)၏အဖေ သဘောမတူကာ ခွန်ချိုင်း ဖက်ဒီးနွတ်ဖဒွန်း(Kelly)နဲ့ လက်ထပ်ခိုင်းဖို့ ကြံရွယ်တော့ပါတယ်။ ခွန်ချိုင်းဖက်ဒီးနွတ်ဖဒွန်း(Kelly)၏အဖေဟာ ဖု(င်)အဖေဆီအကြွေးတင်နေသူပါ ဖခင်၏အကြွေးကို ချေချင်စိတ်ကြောင့် ဖု(င်)နဲ့ လက်ထပ်ဖို့သဘောတူလိုက်ရပါတယ် သို့ပေမယ့်လဲ ချစ်သူရှိသူ ဖု(င်)ဟာ ခွန်ချိုင်း(Kelly)နဲ့ လက်ထပ်ဖို့ငြင်းဆန်ရင်း ကံအကြောင်းတိုက်ဆိုင်စွာဖြင့် မိမိနှင့်ရုပ်ချင်းဆင်သူ နူဝမ်(Sammy)ကိုတွေ့သွားခဲ့ပါတယ်။ နူဝမ်(sammy)အား မိမိနေရာမှာအစားထိုးဖို့တောင်းဆိုပေမယ့်လဲ လက်မခံသဖြင့် လုပ်ကြံသတ်ဖြတ်ဖိုကြိုးစားပြီး သူမကတော့ ချစ်သူနှင့်လိုက်ပြေးသွားပါတယ်…. နူဝမ်မှာမူ ကံကောင်း၍မသေကာ မှတ်ဉာဏ်များအားလုံးပျောက်ဆုံးသွားပြီး ဖန်းဖိရုန်းအိမ်ကြီးကလူတွေ လူမှားပြီးခေါ်ဆောင်မှုကြောင့် ရောက်ရှိသွားပါတော့တယ် ဘာကိုမှ မမှတ်မိတော့တဲ့ နူဝမ်လေးခမျာမှာတော့ ခွန်ချိုင်းနဲ့ လက်ထပ်ဖို့အကြောင်းဖန်သွားပါတယ် သူတို့နှစ်ယောက်ရဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ထင်သလိုပျော်ရွှင်နိုင်ပါ့မလား….. မိဘဆွေမျိုးကို ပစ်ပြီး ချစ်သူနောက်လိုက်သွားတဲ့ ဖု(င်)ကရော ရွေးချယ်ခဲ့တဲ့လမ်း မှန်ကန်ပါ့မလား? သူတို့နှစ်ယောက် ရုပ်ချင်းဆင်ရခြင်းကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ? ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး ကံဇာတာအလှည့်အပြောင်းတွေကြောင့် စိတ်လှုပ်ရှားစွာကြည့်ရမယ့် ကားလေးပဲဖြစ်ပါတယ် သရုပ်ဆောင်ချက်တွေမိမိုက်ပြီး p'Sammyကို သရုပ်နှစ်မျိုးအဖြစ် မြင်ရမယ့်ကားလေးမို့ adminတို့ All Drama Worldမှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်