-
Movie Name
-
Shining Vale (2022)
-
Year
-
2022
-
Generes
-
Comedy, Fantasy, Horror
-
Code
-
SE0222
-
Type
-
Series
-
Size
-
3.26 GB
-
Country
-
Hollywood
-
Description
-
Shining Vale (2022) (Completed Limited Series)
~ IMDb – 6.4/10, RT – 70%, Meta – 65% ~
1-8 completed
ဟို ဟာသရှိုးပွဲထဲကလိုပေါ့။ အနောက်တိုင်းသရဲကားတွေက အမြဲတမ်း အိမ်အဟောင်းကြီးတစ်လုံးကနေ စတယ်ဆိုတာမျိုးစတဲ့စီးရီးပဲဆိုပါတော့ဗျာ။ ဒါပေမဲ့ ဒီ Horror စီးရီးရဲ့အမျိုးအစားက Horror Comedy ဗျ။ပြောရမယ်ဆို အနောက်တိုင်းသရဲကားတွေထဲမှာ တော်ရုံ ရိုက်လေ့ရိုက်ထမရှိတဲ့ကားမျိုးပေါ့။
ထိုင်းဟာသသရဲကားတွေဘာတွေကတော့ အာရှပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီတော့ ဒီ Shining Vale ဆိုတဲ့ Horror Comedy ကရော ဘယ်လိုလာမှာလဲပေါ့။ ပြောရမယ်ဆိုရင်တော့ ဒီစီးရီးက နည်းနည်းထူးဆန်းတယ်ဗျ။ Horror Comedy သာဆိုတယ်၊ တစ်ချို့သရဲကား အနုတ်စုတ်ဂုတ်စုတ်တွေထက် တော်တော်သာတဲ့၊ တော်တော်ကြောက်ဖို့ကောင်းတဲ့ထဲမှာ ပါတဲ့စီးရီးမျိုးဗျ။
ဇာတ်လမ်းဇာတ်ကွက်ကလည်း အပိုင်း ၁ အစပိုင်းကိုကြည့်တာနဲ့ တောက်လျှောက်ကိုမျောသွားမယ့် စီးရီးမျိုးဗျ။ ဟာသက ဘယ်တော့လာမလဲမသိပေမဲ့ ညဖက်ဘာသာပြန်နေရတာ ရင်တထိတ်ထိတ်နဲ့ကို ပြန်နေရလောက်တဲ့ထိကို ကောင်းတာပါ။
ဒီတော့ တယ်ရီနဲ့ပတ်ဆိုတဲ့ လင်မယားနှစ်ယောက် သားဖြစ်သူ ဂျိတ်၊ သမီးဖြစ်သူ ဂေနာနဲ့ ကျေးလက်ဒေသဖက်က အိမ်အိုကြီးတစ်အိမ်ကိုပြောင်းရွှေ့လာရာကနေ အခြေတည်ပြီး ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းပြီး နောက်ပိုင်းထွက် သရဲကားတွေထဲမှာ လုံးဝလက်လွှတ်မခံသင့်တဲ့ Shining Vale ဆိုတဲ့ ညဖက်ကြည့်လေရှယ်အရသာရှိလေဖြစ်မယ့် Horror Comedy လေးကိုလည်း ရင်တထိတ်ထိတ်နဲ့ကြည့်လှည့်ပါဦးခင်ဗျာ။