-
Movie Name
-
Minx (2022)
-
Year
-
2022
-
Generes
-
Comedy
-
Code
-
SE0223
-
Type
-
Series
-
Size
-
3 GB
-
Country
-
Hollywood
-
Description
-
1-10 Completed
HBO Maxက ထွက်ထားတဲ့ ဒီ Minxဆိုတဲ့ seriesဟာ အခုလို
အိုင်ဒီယာခပ်ဆန်းဆန်းနဲ့ ထုတ်ထားတဲ့ Eroticမဂ္ဂဇင်းMinxဟာ
ဒီနေ့ခေတ်လောက် လိင်ကိစ္စအပေါ်ပွင့်လင်းမှုမရှိသေးတဲ့၊ ဖိုဝါဒီ
အင်မတန်စိုးမိုးနေတဲ့ အမေရိကန်နိုင်ငံမှာ ဘယ်လို ခက်ခက်ခဲခဲ
ရပ်တည်သွားမလဲ၊ Sexနဲ့ Policyတွဲနေတဲ့ မဂ္ဂဇင်းတစ်အုပ်ကနေ
ဂျွိုက်စ်တစ်ယောက် သူချပြချင်တဲ့ မက်ဆေ့ဂျ်ကို အောင်မြင်စွာ
ဖော်ထုတ်ပြနိုင်မလားဆိုတာကို အရွှန်းဖောက်ကြည့်ရှုရမှာပါ၊
သတိပေးလိုတာကTV-MA seriesဖြစ်သလို ဇာတ်လမ်းသဘောကိုက
18+ ဆန်တာမို့လို့ 18+ပြကွက်တွေကို ဗွင်းဗွင်းရှင်းရှင်း၊
ကွက်ကွက်ကွင်းကွင်း မြင်ရကြားရမှာ အသေအချာပါပဲ၊ ဟာသ
ကားဟဲ့လို့ မိသားစုနဲ့အတူသွားကြည့်ရင်တော့ ငါးပါးမှောက်မှာ
အသေအချာပါပဲ၊
၁၉၇၀ပြည့်နှစ် မဟာ့မဟာပုရိသဝါဒီတွေ အတော်အမြစ်တွယ်
နေသေးတဲ့အချိန် ဂျွိုက်စ်ပရစ်ဂါဆိုတဲ့ ကညာတစ်ယောက်က
ကျား/မ အခွင့်အရေးတန်းတူရရှိမှု၊ တန်းတူတန်ဖိုးထားမှုတို့ကို
ဖော်ညွှန်းပေးတဲ့ Feminismဝါဒီကို “နှုတ်တစ်ရာ စာတစ်လုံး”
ဆိုတဲ့အတိုင်း မဂ္ဂဇင်းထုတ်ကာ ဝါဒရိုက်သွင်းပေးချင်သူပေါ့၊
လူ ငယ်ငယ် အကြံကြီးကြီး၊ ရှေးရိုးစွဲနဲ့ လူမျိုးကြီးစိတ် လွန်စွာ
ပြင်းလှတဲ့ အဲဒီခေတ်စာအုပ်ထုတ်ဝေသူ အဘိုးကြီးများအကြား
Feminismဆိုတဲ့စကားဟာ ရေခမ်းတည်ထားတဲ့ ဆေးခါးကြီးထဲ
ကြက်ဟင်းခါးမှုန့် ထည့်စပ်ထားသလို အင်မတန်အဝင်ဆိုး
လှတာကိုး၊
ဒီလိုမျိုး ဣတ္တိယတို့အဖို့ ဝါဒဖြန့်ဖို့ လမ်းပျောက်နေတဲ့ ဂျွိုက်စ်ဆီ
ဆိုက်မြိုက်မြိုက်ရောက်လာသူက ဒေါ့ဂ်၊ သူသည်ကား
တခြားမဟုတ်၊ အယ်လ်အေမှာ ညစ်ညမ်းကားနဲ့စာပေတွေဒိုင်ခံ
ထုတ်ဝေနေသူပင်ဖြစ်သည်၊ ရိုးရိုးလေးတွေးရင်တောင် မ,ဝါဒီနဲ့
အပြာစာပေ လားလားမှ ဆက်စပ်ဖို့မဖြစ်နိုင်ပေ၊
သို့သော် ကူကယ်ရာမဲ့နေတဲ့ ဂျွိုက်စ်အဖို့ ဒေါ့ဂ်ရဲ့ကမ်းလှမ်းမှုက
ရေငတ်တုန်း ရေတွင်းထဲကျ၊ ရေနစ်သူအဖို့ ကောက်ရိုးတစ်မျှင်
ရယ်လို့ ဖြစ်လာရာမှ ပျိုမေတို့အတွက် လိင်အသားပေး စာအုပ်
Minxရယ်လို့ ဖြစ်လာပါတယ်၊ ဂျွိုက်ရဲ့ အကြံကတော့ အဖော်
အချွတ်ကိုcoverယူပြီး feminismစိတ်ဓါတ်ကို အမျိုးသမီးထု
စာဖတ်ပရိတ်သတ်ကြား ဝါဒရိုက်သွင်းမယ်ပေါ့ဆိုပြီး ထုတ်ဝေရင်း….